''နေသာရင် ကတ္တရာခင်း တာက တစ်ပတ်ပဲကြာမှာ၊ တံတားကော လမ်းဟောင်းဘက်ပါ ခင်းရမှာ အကြမ်းဖျင်းတော့ လကုန် လျာထားတယ်။''ဟု ၎င်းက ဆိုသည်။
ငမိုးရိပ် တံတားမှာ ပေ(၆၀) အခန်း တစ်ခန်း၊ ပေ၁၀၀ အခန်း ငါးခန်း၊ ပေ၄၀ အခန်း တစ်ခန်း၊ အရှည် ၆၀၀၊အကျယ် ၂၈ပေရှိ တံတားဖြစ်ပြီး၊ ရေအောက် ကင်းလွတ်နယ်မြေ ၁၀ ပေကျော် ထားပေး ထားကြောင်း၊ တံတား ခံနိုင်ဝန်မှာ ၇၅တန်နှင့် ခန့်မှန်း ကုန်ကျငွေမှာ ကျပ်ဘီလီယံ ၄ဒဿမ၆ ကုန်ကျကြောင်း ၎င်းထံမှ သိရသည်။
"ကားကြပ်တဲ့ အချိန်ဆိုရင် မိနစ် ၂၀ လောက် စောင့်ရတယ်။''ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၃၆ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက နေ့စဉ် ယင်းတံတားကို ဖြတ်သန်း သွားလာ နေရသည့် အခြေအနေကို ပြောပြသည်။
ယင်းတံတား ပြီးစီးပါက တံတားဟောင်းကို မြို့ထဲမှ မြောက်ဒဂုံသို့ ပြန်သောလမ်း နှင့် တံတားသစ်ကို မြောက်ဒဂုံမှ ဆူးလေသို့ သွားသောလမ်း အဖြစ်အပြိုင် အသုံးပြု နိုင်မည်ဖြစ်ကြောင်း တံတား ဆောက်လုပ်ရေး တာဝန်ခံ တစ်ဦးက ရှင်းပြသည်။
အဆိုပါ တံတားဟောင်းကို ၁၉၉၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး၊ တံတားသစ်ကို ၂၀၁၁ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment