ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံမဟာ မိတ်အဖွဲ့၏ လုံခြုံရေးသည်
အရေးကြီးကြောင်းနှင့် အာရှ ပစိဖိတ် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း
ကြေညာချက် တစ်ခုတွင် ဖော်ပြထားကြောင်း သိရ သည်။
ထို့အပြင် နှစ်နိုင်ငံကာကွယ်ရေးပူး ပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်
အလက်ဖလှယ်ရေးနှင့် နှစ်နိုင်ငံ အပြန် အလှန် လေ့ကျင့်ရေးများအပြင် အာရှ
ဒေသတွင် ဒုံးကျည်ကာကွယ်ရေးစနစ် မြှင့်တင်ရန်အတွက် ဂျပန်နိုင်ငံ တွင်
ကြိုတင် သတိပေးရေဒါများ ထပ်မံချထားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ အာရှဒေသတွင် ဒုံးကျည် ကာကွယ်ရေးစနစ် တပ်ဆင်ခြင်းသည်
မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှု များကို ရင်ဆိုင်ရန်အတွက်
ဖြစ်ကြောင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။ သို့ သော် တရုတ်နိုင်ငံ၏ စစ်ရေးကို
တုံ့ပြန် ရာတွင်လည်း အသုံးပြုနိုင်ဖွယ်ရှိကြောင်း အချို့က သုံးသပ်ပြောကြား
ခဲ့သည်။
No comments:
Post a Comment