ကချင်ပြည်နယ်လွယ်ဂျယ်မြို့ ရပ်ကွက်(၁)အောင် မင်္ဂလာရပ်ကွက်မှာ ရှိ တဲ့
စည်ပင်သာယာ ရုံးဝင်းအတွင်း သြဂုတ်လ(၁ ၂) ရက်ေ န့ မနက်(၁) နာရီချိန်ခန့်မှာ
မိုင်းေ ပါက်ကွဲမှုဖြစ် ပွားခဲ့ပါတယ်။အဆိုပါ စည် ပင် သာယာရေးရုံးဝင်အတွင်းမှ အမှုဆောင်အရာရှိ ဦးစောသီ ဟနဲ့
အင်ဂျင် နီယာ ဦးမိုင်ယာ ယ်တို့ (၂)ဦးဟာ မြစ်ကြီးနားကို
အစည်းအဝေးတ က်ေ ရာက်ဖို့ သွားနေချိ န်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။``အိမ်ကို မနေ့ည(၈)နာရီလောက်က လူ(၂)ယောက်
လာ သွားတယ် တစ်ယောက်အိမ်ထဲဝင်လာပြီး
တစ်ယောက်က ခြံဝမှာစောင့်နေတယ။် ပြီးတော့ ကျွန်မအမျိုးသားနဲ့ သိတယ်ဆိုပြီး
ပိုက်ဆံ(၂၀၀၀၀)ချေးတယ်။ သူတို့က ကားပျက်လို့ချေးတာပါတဲ့။ ကျွန်မကလည်း
သူတို့ကိုမသိတော့ အမျိုးသားက မြစ်ကြီးနားသွားတယ်လို့ ပြီးတော့
ကျွန်မတို့ကလဲ ၀န်ထမ်းဖြစ်တာကြောင့် မချေးနိုင်ဘူးလို့ပြောတော့
ပြန်ထွက်သွားတယ်။ မနက်(၁) နာရီလောက်ကျတော့ ပေါက်ကွဲသံကြားရတာပါဘဲ။´´ လို့
အမှုဆောင်အရာရှိ ဦးစောသီဟရဲ့ ဇနီး ဒေါ်ချိုချိုဋ္ဌေး က ပြောကြားသွားပါတယ်။
ဒီမိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့အ
တွက်
လူ၊ အဆောက်အဦ ထိခိုက်ပျက်ဆီးမှုမရှိဘဲ အကျယ်(၈)လက်မ၊ အနက် (၄)လက်မခန့်
ကျင်းတစ်ကျင်းဖြစ်ပေါ်ခဲ့ပြီး၊ လုပ်ငန်းသုံးထွေလာဂျီ(လေးလုံးထု
ိး) ယာဉ်တစ်စီး လေကာမှန် ကွဲအက်သွားတယ်လို့ သိရှိရပါတယ်။
From -ကချင်နေ့စဉ်သတင်း Facebook
No comments:
Post a Comment