ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလမ်ဘာသာဝင်
နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန် မာ နိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို
ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။အဖွဲ့ဝင်
၅၇ နိုင်ငံပါဝ င်တဲ့ အစ္စလမ်ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က
“မြန်မာအာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ
နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေ အပေါ်
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေတာတွေကို ရှုံ့ချကြောင်း”
ပြောဆိုလိုက်ပါတယ်။ဒါကြောင့် အိုအိုင်စီညီလာခံကနေ
ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြသွားမယ်လို့
ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
From -RFA
No comments:
Post a Comment