From - ကချင်နေ့စဉ်သတင်းFacebook

တိုက်ပွဲများနှင့် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး
ကချင်ပြည်နယ်ထဲ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေးကင်တားနား လာရောက်ခဲ့ပြီးနောက် မြန်မာအစိုးရတပ် စစ်ကြောင်းများသည် ပိုမိုတိုးချဲ့လာသည်ဟု ယူဆမိကြောင်း ဗဟိုဌာနချုပ် လိုင်ဇာမှ KIA အရာရှိတဦးဆိုသည်။
“သူပြန်သွားတာနဲ့ တိုက်ပွဲပြန်စတယ်လို့ပြောရမ
သြဂုတ် ၅ ရက် တနင်္ဂနွေနေ့ ၉ နာရီချိန်တွင် KIA တပ်မဟာ (၅) နယ်မြေ မုန်မူနှင့် နောင်နန့်ကြားတွင် မြန်မာအစိုးရတပ် ခလရ ၃၂၀ နှင့် KIA တပ်သားများ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရ
“ကျွန်တော်တို့ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ကျွန်တော်တို့က နေရာယူထားပြီးသား ကဒုတ်ကျင်းတူးပြီးပစ်တယ်ဆို
ထို့ပြင် KIA တပ်ရင်း ၁၁ ဘက်သို့ မိုးကောင်း-နမ္မတီးလမ်းမှ မြစ်ကြီးနားဖက်သို့ မြန်မာစစ်တပ် အင်အား ၂၀၀ ကျော် စစ်ကား ၁၂ စီးဖြင့် သြဂုတ် ၄ ရက်၊ စနေနေ့ ညနေတွင် တိုးချဲ့ရောက်ရှိလာကြောင်း ဗဟိုဌာနချုပ် လိုင်ဇာမှအရာရှိများပြောသည
နန်မော(Nang Mau) မှ မြန်မာအစိုးရစစ်တပ် ခမရ ၃၈၃ တပ်မှ စစ်အင်အားများ ၄၀ ကျော်သည် နားလုံးအောက် စခန်းသို့ သြဂုတ်လ ၅ ရက်နေ့တွင် ထပ်မံတိုးချဲ့ထားကြောင်း သိရသည်။
ထို့အတူ မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန် (Dawhpumyang) ဘက်တွင်လည်း မြန်မာအစိုးရစစ်တပ်များ စစ်အင်အား ၁၀၀၀ ကျော်ရှိနေပြီး ယခုချိန် ထိုးစစ်ဆင်လှုပ်ရှားနေသော နေရာများသည် ဒေါ့ဖုန်းယန်၊ လွယ်မောက်၊ နားလုံ၊ မန်မော၊ တိန့်ကျန်း၊ ဘွမ်ဆောန်၊ မုန်လိုင်ခ (မုန်းလွဲ) ချောင်းအောက်ပိုင်း ဒေသများတွင် နှစ်ဖက်လှုပ်ရှားနေသောနေရာဖြ
ယခုချိန်တွင် ကချင်ပြည်နယ် KIA တပ်ချထားသည့် နေရာများသို့ မြန်မာအစိုးရစစ်တပ်များ လက်နက်၊ ရိက္ခာ၊ စစ်အင်အား နေ့စဉ်တိုးချဲ့လာပြီး ၄င်းတို့သည် ညအချိန်တွင် လျှို့ဝှက်လှုပ်ရှားနေသောကြေ
KNG
No comments:
Post a Comment