ကံဆီးဒေသမှာရှိတဲ့
KIA ကချင်တပ်မတော် တပ်ရင်း(၆)မှ ထွက်ပြေးလာသူ တပ်သား လထော်လဆန်ကို သြဂုတ်လ
၎ ရက်နေ့မှာ ထရီဘွမ်အခြေစိုက် KIA ရဲ့ တပ်ရင်း(၁၄)က
ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ KIA လူကြီးတွေရဲ့အမိန့်နဲ့
သေဒဏ်ချမှတ်လိုက်ကြောင်း ရင်နင့်ဖွယ်ရာ သတင်းကြားရပါတယ်။တပ်သား
လထော်လဆန်ရဲ့ မိဘတွေက သူတို့မှာဒီသားတစ်ယောက်ပဲ အားကိုးစရာရှိတဲ့ အတွက်
သေဒဏ် အထိအပြစ်မပေးဖို့ အမျိုးမျိုး တောင်းပန်ခဲ့ကြောင်းလည်း သိရပါတယ်။ KIA
ဟာ အခုကာလကို စစ်ပွဲရဲ့ အရေးကြီး ကာလအဖြစ်သတ်မှတ်ထားပြီး သူတို့ရဲ့
ညွှန်ကြားချက်ကို မလိုက်နာတဲ့
ဘယ်အဆင့် ကိုမဆို KIA တရားဥပဒေ(KIAလူကြီးတွေရဲ့ပါးစပ်ထဲက ဥပဒေ)အတိုင်း သေဒဏ်ချမှတ် သွားမယ်လို့ ညွှန်ကြားထားတဲ့အတွက် လထော်လဆန်ရဲ့မိဘတွေ တောင်းပန်တာဟာ အရာမထင်ခဲ့ပါဘူး။ ဖမ်းမိတဲ့ နေ့မှာပဲ အများရှေ့မှာ သေဒဏ်အမိန့်ကို ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်အဆင့် ကိုမဆို KIA တရားဥပဒေ(KIAလူကြီးတွေရဲ့ပါးစပ်ထဲက ဥပဒေ)အတိုင်း သေဒဏ်ချမှတ် သွားမယ်လို့ ညွှန်ကြားထားတဲ့အတွက် လထော်လဆန်ရဲ့မိဘတွေ တောင်းပန်တာဟာ အရာမထင်ခဲ့ပါဘူး။ ဖမ်းမိတဲ့ နေ့မှာပဲ အများရှေ့မှာ သေဒဏ်အမိန့်ကို ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
လထော်လဆန်ဟာ
မစွမ်းမသန်ဖြစ်နေတဲ့ သက်ကြီးရွယ်အိုမိဘတွေကို တောင်ယာလုပ်ကိုင်ယင်း
လုပ်ကျွေးနေသူဖြစ်ပါတယ်။ ဒီလိုအလုပ်လုပ်နေယင်း ၂၀၀၆ ခုနှစ်ထဲမှာ KIA
တပ်ရင်း(၆)က လူသစ်အဖြစ် အဓမ္မဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
အလားတူ
ပြီးခဲ့တဲ့လထဲမှာလည်း လိုင်ဇာက KIA တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦးတို့
ထွက်ပြေးခဲ့ကြပေမယ့် KIA ခေါင်းဆောင်တွေ အချိန်မီသိရှိသွားပြီး
ပြန်လည်ဖမ်းဆီးမိခဲ့ပါတယ်။ သူတို့ကို လိုင်ဇာထိ ပြန်ခေါ်မလာစေတော့ဘဲ
လမ်းမှာတင် ရှင်းပစ်လိုက်တယ်ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။
လက်အောက်တပ်ဖွဲ့ဝင်တွေအနေနဲ့
သူတို့ဟာ KIA ခေါင်းဆောင်တွေ ကိုယ်ကျိုးရှာဖို့အတွက် အသုံးချခံနေရမှန်း
သိလာပြီးတဲ့နောက် လက်ရှိနေရာတွေကနေ အသီးသီးထွက်ပြေးဖို့ ကြိုးစားနေကြပါပြီ။
KIA
ငယ်သားတွေ အခုလိုသွေးချောင်းစီးသတ်ဖြတ်ခံနေရတာဟာ အမှန်တကယ်တော့ KIA
ခေါင်းဆောင်တွေရဲ့ အာဏာတည်မြဲရေးကိုဦးတည်တဲ့ အကြောက်တရားနဲ့
ထိန်းချုပ်ရေးစနစ်ပဲ ဖြစ် ပါတယ်။
ကိုယ့်လူမျိုးအချင်းချင်း
လူမဆန်စွာသတ်ဖြတ်နေပုံတွေဟာ ဘုရားရှင်ဟောကြားခဲ့တဲ့
ဟင်္သာကိုးသောင်းဇာတ်ထဲကအတိုင်းပါပဲ။ ဟင်္သာကိုးသောင်းတောင်
တစ်ကောင်မ ကျန်သေဆုံးခဲ့ရ သေးရင် လူကိုးထောင်မရှိတဲ့ KIA အနေနဲ့ေ တာ့
ပြောဖွယ်ရာမရှိေ တာ့ပါဘူး။ ဆွေစဉ် မျိုးဆက်ပါ ကချင်မြေပေါ်
ကပျောက်တော့ မယ်ထင်ပါတယ်။ ဪ... KIA ရဲ့ မိုက်ဇာတ် အဆုံးသ တ်တော့ မှာပါလား။ KIA
ပျောက်ကွ ယ်သွားခြင်းနဲ့အတူ ကချင်ဒေသအေးချ မ်းခြ င်း ကို ရောက် လာမှာမလွဲပါပဲ။
မြစ်ကြီးနားမြို့ခံတစ်ဦး
From -ကချင်နေ့စဉ်သတင်း
No comments:
Post a Comment