ထိုသို့တင်သွင်းရာတွင် မန္တလေးဝန်းကျင် ပြည်သူများထံမှ
လူထုထောက်ခံဆန္ဒမဲလက်မှတ် တစ်သောင်းခန့်ကောက်ခံသွားပြီး
ပူးတွဲတင်ပြသွားမည်ဟု ဆိုသည်။ ယခုအမှုကို စစ်ဆေးရန်
စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပေးရန်၊ ယင်းအဖွဲ့မှစုံစမ်းစစ်ဆေးထားသည့်ရလဒ်များအပေါ် အခြေခံပြီး တရားစီရင်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးဆမားညီညီကပြောသည်။
လူထုကို သဘောထားကောက်ခံမယ် ဆိုရင်လည်း ဒီဖြစ်စဉ်ကို တိတိကျကျ ကျယ်ကျယ်ပျံ့ပျံ့သိအောင် အရင် လုပ်သင့်တယ်။
ReplyDeleteနို့မို့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာမှန်းတောင် မသိရဘဲ ၀ိုင်းပြီး အတည်ပြုထောက်ခံရတာနဲ့ သဘောတရား အတူတူလို ဖြစ်သွားမယ်။
ဗမာလူမျိုးစရိုက်အရ သနားတတ်တော့ အားနည်းသူဖက်က တစ်ချက်လောက် ငိုပြလိုက်ရင် ထောက်ခံလိုက်ဖို့ ၀န်မလေးဘူး။ ဘာမှန်းမသိဘဲ ထောက်ခံသူများရင် ထောက်ခံသူများတဲ့ဖက်က အမှန်လို ဖြစ်သွားမှာပဲ။ အဲလို ဖြစ်သွားရင် တကယ့်ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ဖန်တီးသူတွေအတွက် ထွက်ပေါက်ဖန်တီးပေးသလို ဖြစ်သွားပြီ။ ဒီဖြစ်စဉ်တွေအတွက် ဒေါက်တာနိုင်အောင်၊ မိုးသီးဇွန် စတဲ့ ဥက္ကဌဟောင်းတွေကို ထောင်ထဲပို့လိုက်နိုင်ရင် အမှန်တရား ပေါ်ပေါက်ပြီလို့ ဆိုနိုင်ပြီလား။ လူ၃-၄ယောက်လောက်ကို စိတ်အနာအတွက် ပြန်ပြီးကလဲ့စားချေတာနဲ့ အမှန်တရားဆိုတာဟာ အဝေးကြီးပါ။ အမှန်တရားကိုပဲ ပေါ်ပေါက်စေချင်ပါတယ်။ အမုန်းတရားကို အခြေခံရင် အမှန်တရားဟာ လမ်းလွဲသွားမှာ အသေအချာပဲ။