ပြည်တွင်းရှိ
နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ National
Information and Communication Technology Public (NICTPCO) အမည်ရှိ
အများပိုင်ကုမ္ပဏီတစ်ခုကို လုပ်ကိုင် ဆောင်ရွက်သွားရန်
စီစဉ်ပြီးဖြစ်သည်ဟုသိရသည်။ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို
လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၈၀ ကျော်မှ ပူးပေါင်းပါဝင်ထားသော
အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး သတင်းအချက်အလက်နှင့်
ဆက်သွယ်ရေးနည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို
ဦးတည်လုပ်ကိုင်သွားမည်ဟု ကုမ္ပဏီမှ အဖွဲ့ဝင်ဒါရိုက်တာတစ်ဦးကပြောသည်။
အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးဇော်မင်းဦး၏ အဆိုအရ
အများပိုင်ကုမ္ပဏီစတင် တည်ထောင်သူများ၏ အနိမ့်ဆုံးရှယ်ယာပိုင်ဆိုင်မှုသည် သိန်း ၁၀၀ ဖြစ်ပြီး အမြင့်ဆုံးရှယ် ယာပိုင်ဆိုင်မှုသည် သိန်း ၂၀၀ ခန့်ရှိကြောင်း ကုမ္ပဏီ၏ပထမဦးဆုံးရင်းနှီးမြှပ်နှံငွေမှာ
ကျပ်သိန်း ၁ သောင်းခွဲဝန်းကျင်ခန့်ရှိပြီး စတင်တည်ထောင်သူအရေအတွက် ၈၅
ယောက်ခန့်ရှိကြောင်းသိရသည်။ ““ကျွန်တော်တို့ ဒီနယ်ပယ် ထဲက လ
ုပ်ငန်းရှင်တွေကိုပဲ
ဖိတ်ခေါ်ပြီးလုပ်ခဲ့ကြတာပါ။ ရှေ့တစ်ပတ်ထဲမှာဆိုရင် ကျွန်တော်တို့အများ
ပိုင်ကုမ္ပဏီ စလျောက်ပါမယ်။ လုပ်ငန်းစပြီးပြနိုင်တဲ့အချိန်ဆိုရင်တော့
ရှယ်ယာတွေကို အများပြည်သူဆီ ရောင်းချပေးသွားမှာပါ။ ရှယ်ယာတစ်စုရဲ့
ဈေးနှုန်းဆိုတာကိုတော့ မသက်မှတ်ရသေးပါဘူး။ အများပြည်သူပါဝင်နိုင်တဲ့
ဈေးနှုန်းဖြစ်ဖို့စဉ်းစားသွားမှာပါ””ဟု ဦးဇော်မင်းဦးကပြောသည်။အများပိုင်ကုမ္ပဏီ၏ BOD အ ဖွဲ့ကို ယခုလ ၃၀ ရက်နေ့၌ ရွှေးချယ်ခဲ့ခြင်းဖြစ်ပြီး အစုရှယ်ယာရောင်းချခြင်းနှင့် လုပ်ငန်းစတင်လုပ်ကိုင်နိုင်ခြင်းတို့ကို
မကြာခင်ကာလ၌ လုပ်ကိုင်သွားနိုင်ရန် မျှော်မှန်း ထားရှိသည်ဟုသိရသည်။
စတင်တည်ထောင်သူများ၏ ရှယ်ယာပိုင်ဆိုင်မှုပမာဏကို
ကန့်သက်ခေါ်ဆိုထားခြင်းနှင့် ပတ်သက်၍ ဦးဇော်မင်းဦးက ““
ကျွန်တော်တို့အနေနဲ့ အနည်းဆုံး ဘယ်လောက်ထည့်ဆိုတာမျိုးကို
နိမ့်ခေါ်ထားတယ်ဆိုတာက အကုန်စုပေါင်းလုပ်ထားတဲ့လုပ်ငန်းလည်းဖြစ်တယ်။ ငွေကြေးအင်အားအများကြီးနဲ့ ၀င်ပြီးလုပ်ချင်တာလုပ်တာမျိုးလည်းမဖြစ်စေချင်ဘူး။ ကျွန်တော်တို့က တက်ထားတဲ့ပညာနဲ့ အခြေခံပြီးလုပ်တာ။ အားလုံးကိုပူးပေါင်းပါဝင်လာစေချင်တဲ့သဘောမျိုးပါ””ဟုဆိုသည်။

No comments:
Post a Comment