From- KDN
ကချင်ပြည်နယ်၊ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာလတ်တလောဖြစ်ပေါ်နေ
တဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခ အခြေ အနေတွေကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ကူညီဖြေ ရှင်းပေး ဖို့ ဖားကန့်ဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေက ဒီကနေ့ အရေးပေါ်အစည်း အဝေးကျင်းပပြီး တောင်းဆိုလိုက်ကြပါတယ်။
ဒီကနေ့ညနေ ၃နာရီခွဲကနေ ၄နာရီခွဲအထိ ဖားကန့် ငှက်ပျောတော ရပ်ကွက်မှာရှိတဲ့
ကျောက်စိမ်းနှစ်ချင်းဗိမာန် အသင်းတော်မှာပြုလုပ်တဲ့ အစည်းအဝေးကနေ
ပြည်သူလူထုဆန္ဒတွေနဲ့အညီ အခုလိုတောင်းဆို လိုက်တာ လို့ သိရ ပါတယ်။
အခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ကူညီဖြေရှင်းပေးမှ သာ ပြေလည်မှုတွေ ရနိုင်မယ်လို့ မျှော်လင့်တဲ့အတွက်အခုလို တောင်းဆိုလိုက်တာလို့ဆွေးနွေးပွဲ တက်ရောက် ခဲ့တဲ့ အငြိမ်းစားကျောင်းဆရာတစ်ဦးက RFA ကိုပြောပါတယ်။

အခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ကူညီဖြေရှင်းပေးမှ သာ ပြေလည်မှုတွေ ရနိုင်မယ်လို့ မျှော်လင့်တဲ့အတွက်အခုလို တောင်းဆိုလိုက်တာလို့ဆွေးနွေးပွ
၈၈တွေတော့ အရည်အချင်းအစစ်တွေပေါ်တော့မယ်
ReplyDelete