"မျက်မြင်တွေက လူတချို့ ဗင်ကားတွေနဲ့ ရောက်လာတယ်။ အလောင်းတွေကို ပစ်ချသွားတယ်လို့ ပြောပြပါတယ်"ဟု ဂျာလစ္စကို ပြည်နယ်မှ အစိုးရရှေ့နေ တိုမက်စ် ကိုရွန်နာဒိုက ပြောကြားခဲ့သည်။ မျက်မြင်သက်သေများ၏ အဆိုအရ အလောင်းအချို့မှာ ကားပေါ်မှ ပစ်ချခြင်း ခံရကတည်းက သံကြိုးများ ချည်နှောင်လျှက်သား ရှိနေကြောင်း သိရသည်။ ကိုရွန်နာဒိုက အခြားတစ်နေရာရာတွင် သတ်ဖြတ် ခံရပြီးမှ ထိုအလောင်းများကို ဂျာလစ္စကို ပြည်နယ်တွင် လာရောက် စွန့်ပစ်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
(မက္ကစီကိုမူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းခေါင်ဆောင်တစ်ဦးအား ဖမ်းဆီးရမိခဲ့စဉ်)
အလောင်းများကို တီဇာပိုမြို့အနီး လယ်ကွက်တစ်ခု အပြင်ဘက်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ မက္ကစီကိုတွင် (၂၀၀၆)ခုနှစ်မှ စတင်ကာ သမ္မတ ဖိလစ်ပီ ကယ်လ်ဒါရွန်က မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ခိုက်ရန် အရှိန်မြှင့် လုပ်ဆောင်စေခဲ့ဖူးသည့်နောက် မူးယစ်ဂိုဏ်းသားများ၊ ရဲများ အပါအဝင် လူပေါင်း ခြောက်သေင်းကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment