Fron- Hot News
ဆက်လက်၍ဒုတိယ၀န်ကြီး နှင့် အဖွဲ့သည်သာပေါင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာအုပ်စုအတွင်း ရှိ ဂွေးကောက်ကွင်းကျေးရွာ အောင်သုခဘုန်းတော်ကြီးကျောင်း သို့ရောက်ရှိကာ ဆရာတော်ဦးအိန္ဒာ စာရအားဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နောက်ဒညင်းကုန်းကျေးရွာအုပ်စု အတွင်းရှိ ကုန်းတန်းကြီး၊ ကနီကွင်း၊ သစ်ဆိမ့်ကုန်း၊ ဂျုံးဂျုံးကျကျေးရွာ များမှ ရေဘေးသင့်အိမ်ထောင်စု (၆၃၀)၊ လူဦးရေ (၂၀၁၅) ဦး အတွက် ဆန်အိတ် (၁၀၀) အား ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်း ဦးနှင့် ရပ်မိရပ်ဖများထံ ထောက်ပံ့ လှူဒါန်းပါသည်။ ထို့အတူသာပေါင်း မြို့နယ်၊ နံနံပင်ကုန်းကျေးရွာဘုန်း ကြီးကျောင်းသို့ရောက်ရှိပြီးရေဘေး သင့်အိမ်ထောင်စု (၁၂၁)စု၊ လူဦး ရေ (၃၈၀) တို့အား ဆန်အိတ် (၃၀) ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးလေး မောင်နှင့် ရပ်မိရပ်ဖများထံထောက် ပံ့လှူဒါန်းပေးခဲ့သည်။
နိုင်ငံတော်အနေဖြင့်လည်း ကောင်း၊ စက်မှုဝန်ကြီးဌာနအနေ ဖြင့်သော်လည်းကောင်း၊ ရေဘေး သင့်ပြည်သူများအား လူသားချင်း စာနာထောက်ထား၍ ယခုကဲ့သို့ လာရောက်လှူဒါန်း ရခြင်းဖြစ်ပါ ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဧရာဝတီတိုင်းဒေသကြီးခရီးစဉ် တွင် ရေနစ်မြှုပ်ခဲ့သော လယ်မြေများ အတွက် မျိုးစပါးများလှူဒါန်းပေး ခဲ့သလိုအလှူငွေများလည်း လှူဒါန်း ပေးခဲ့ပါကြောင်း ယခုရေများပြန် ကျချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး အတွက် ဒေသပြည်သူများမှ ကြိုး ပမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးမှ အမှာစကားများ လည်းပြောကြားခဲ့သည်။
ယခုလှူဒါန်းမှုတွင် စက်မှုဝန် ကြီးဌာနမှ ဆန်အိတ် (၁၀၀)၊ ဒုတိယ၀န်ကြီးဦးသိန်းအောင်မှ ဆန်အိတ် (၁၀၀) စီ ထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ် အတွင်း ရှိရေဘေးသင့်ပြည်သူများ အတွက် စက်မှုဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၂ ခုနှစ် သြဂုတ် (၂၃) တွင် ပထမအကြိမ်အဖြစ် ဆန်၊ လူသုံး၊ အိမ်သုံးပစ္စည်းလှူဒါန်းမှု တန်ဖိုးစုစုပေါင်းမှာ ငွေကျပ် (၄၄၃၈၀၀၀) ကျပ်ဖြစ်ပြီး ယခု ဒုတိယအကြိမ်လှူဒါန်းမှုတန်ဖိုး စုစုပေါင်းမှာ (၃၂၀၀၀၀၀) ကျပ် ဖြစ်ရာ လှူဒါန်း မှုနှစ်ကြိမ်စုစုပေါင်း မှာ (၇၆) သိန်းကျော်ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment