နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် စက်တင်ဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင်လပ်နှင့် နယူး ယောက်တွင် တွေ့ဆုံမည်ဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံ ကိန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး ကြမည်ဟု ဆိုသည်။
မစ္စယင်လပ်သည် ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် နှစ် ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ အီတာ လီယန်ကုမ္ပဏီနှင့် မြန်မာနိုင်ငံတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရှိပြီး စက်မှုဇုန်ဧရိယာ အကျယ် အ၀န်းမှာ စတုရန်းကီလိုမီတာ ၂၀၀ ကျယ်ပြီး စီမံကိန်းတစ်ခုလုံး အတွက် ကုန်ကျမည့်ငွေပမာဏ မှာ အမေရိကန်ဒေါ်လာ ၅၈ ဘီ လီယံခန့်ကုန်ကျမည်ဖြစ်ကြောင်း နေးရှင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မောင်ကျော်
Ref;Nation(25.9.2012)
Ref;Nation(25.9.2012)
From-HotNewsJournal
No comments:
Post a Comment