အမှိုက်သရိုက်များ အစု လိုက်အပုံလိုက်ဖြစ်နေရာ မြို့မိ၊ မြို့ဖနှင့် ဈေးအကျိုးတော်ဆောင် အဖွဲ့က ယခု သြဂုတ်လအတွင်း တိုင်ကြားပြောဆို၍ စည်ပင်က အငှားယာဉ်တစ်စီးအကူအညီဖြင့် ကျပ်တစ်သိန်းခွဲခန့် ငွေကုန်ခံ၍ သယ်ပို့လိုက်ရာ အမှိုက်များ အ နည်းငယ် လျှော့ပါးသွားခဲ့ရပါ သည်။
ယာဉ်အင်အားတိုးချဲ့ပြီး သယ်ပို့လိုက်သော အမှိုက်များကို ကောလင်းနှင့် ၀န်းသိုမြို့စပ်ကြား အင်းကြီးကုန်း သုသာန် သင်္ချိုင်း ကုန်းတွင်ပင် မီးရှို့ထားရာ အသု ဘပို့လာရောက်ကြကုန်သော လူ ပရိသတ်များအား အနံ့ဆိုးများ ဖြင့် ဒုက္ခအကြီးအကျယ် ပေးပြန် သည်။ ကျန်းမာရေးမကောင်းသူ များ၊ ရောဂါအခံရှိသူများမှာအသု ဘပို့ဆောင်ရာသို့ မလိုက်ပါနိုင် ဖြစ်နေကြရပါသည်။
သုသာန်သင်္ချိုင်းနှင့် နီးစပ် ရာကျေးရွာများမှ ကျေးလက် ပြည်သူများ၊ ဘုန်းတော်ကြီး ကျောင်းမှ ၀ါဆိုသံဃာတော်များ နှင့် သရဏဂုံတင်ရန် လိုက်ပါ ကြသော ပင့်သံဃာတော်များ အား ဒုက္ခများစွာ ပေးနေပါသဖြင့် သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်း သင့်ပါကြောင်း အသိပေးတင်ပြ လိုက်ရပါသည်။
From -HotNewsJournal
No comments:
Post a Comment