From- The Voice Weekly
ပိုင်နက်အငြင်းပွားမှုများကြောင့် တင်းမားမှုမြင့်တက်လျက်ရှိသော အာရှပစိဖိတ်နိုင်ငံများအနေဖြင့် ဒေသတွင်း၌ ငြိမ်းချမ်းရေးခိုင်မြဲအောင်တည်ဆောက်ကြရန် တရုတ်သမ္မတ ဟူဂျင်တောင်က တိုက်တွန်းပြောကြားလိုက်သည်။ “အာရှပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့နဲ့ စီးပွားရေးအရှိန်အဟုန်တိုးတက်ကောင်းမွန်ဖို့ဟာ ဒေသတွင်းနိုင်ငံတိုင်းရဲ့ အကျိုစီးပွားဖြစ်ပါတယ် ။အဲဒါက ကျွန်တော်တို့အားလုံးမျှဝေယူရမဲ့တာဝန်လည်းဖြစ်ပါတယ်”ဟု ရုရှားနိုင်ငံတွင်ပြုလုပ်သည့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC)ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်ရန်ရောက်ရှိနေသော တရုတ်သမ္မတ ဟူဂျင်တောင် ကပြောကြားသည်။
တရုတ်သမ္မတ ဟူဂျင်တောင်သည် အေပက်ထိပ်သီးဆွေးနွေးပွဲမစမီ
တောင်တရုတ်ပင်လယ်တွင်းရှိ ပိုင်နက်များနှင့်ပတ်သက်၍ အငြင်းပွားနေသော
နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံများနှင့်သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်သမ္မတဟူဂျင်တောင်းသည် ဗီယက်နမ် သမ္မတ Truong Tan Sang နှင့်တွေ့ဆုံခဲ့ရာတွင် လက်ရှိဖြစ်ပွားလျက်ရှိသောပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးအလျော့ပေး၍ ငြိမ်းချမ်းစွားအဖြေရှာနိုင်ရန် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်သင့်ကြောင်း တရုတ်သမ္မတ ဟူဂျင်တောင်က ဗီယက်နမ်သမ္မတ Truong Tan Sang ကိုပြောကြားခဲ့သည်ဟု China Daily သတင်းတွင်ဖော်ပြထားသည်။
တရုတ်နှင့်ဗီယက်နမ်တို့သည် အဆိုပါပိုင်နက်အငြင်းပွားနေသော ကျွန်းစုများနှင့်ပတ်သက်၍ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။
၁၉၇၄ခုနှစ်က တောင်တရုတ်ပင်လယ်တွင်းရှိ ပါစယ် ကျွန်းပိုင်နက်လုရာတွင် တရုတ်နှင့်ဗီယက်နမ် တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗီယက်နမ် တပ်သား ၅၃ဦးကျဆုံးခဲ့သည်။
ထို့အတူ ၁၉၈၈ ခုနှစ်ကလည်း အဆိုပါဒေသရှိ ကျောက်တန်းပိုင်ဆိုင်မှုအတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗီယက်နမ်တပ်သား ၇၀ ကျော်ကျဆုံးခဲ့သည်။
တရုတ်သမ္မတ ဟူဂျင်တောင်သည် အေပက်ထိပ်သီးဆွေးနွေးပွဲမစမီ တောင်တရုတ်ပင်လယ်တွင်းရှိ ပိုင်နက်များနှင့်ပတ်သက်၍ အငြင်းပွားနေသော နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံများနှင့်သီးခြ
တရုတ်သမ္မတဟူဂျင်တောင်းသည် ဗီယက်နမ် သမ္မတ Truong Tan Sang နှင့်တွေ့ဆုံခဲ့ရာတွင် လက်ရှိဖြစ်ပွားလျက်ရှိသောပိုင်န
တရုတ်နှင့်ဗီယက်နမ်တို့သည် အဆိုပါပိုင်နက်အငြင်းပွားနေသော ကျွန်းစုများနှင့်ပတ်သက်၍ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။
၁၉၇၄ခုနှစ်က တောင်တရုတ်ပင်လယ်တွင်းရှိ ပါစယ် ကျွန်းပိုင်နက်လုရာတွင် တရုတ်နှင့်ဗီယက်နမ် တို့တိုက်ပွဲ
ထို့အတူ ၁၉၈၈ ခုနှစ်ကလည်း အဆိုပါဒေသရှိ ကျောက်တန်းပိုင်ဆိုင်မှုအတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗီယက်နမ်တပ်သား ၇၀ ကျော်ကျဆုံးခဲ့သည်။
No comments:
Post a Comment