From- Popular Myanmar News Journal
အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတော်မှချမှတ်ထားသောစီးပွားရေး မူဝါဒ (၄)ချက်ကို အကောင်အထည်ဖော်ဆောင်ရန်စီမံကိန်းများ ရေးဆွဲလျှက်ရှိကြောင်း ယင်းဝန်ကြီးဌာန ၏ ဒုတိယ၀န်ကြီးဒေါက်တာကံဇော်ကပြောသည်။မူဝါဒနှင့်ကိုက်ညီသော စီမံကိန်းများ ပြင်ဆင်ရေးဆွဲရာတွင် ဂျီဒီပီ ကိန်းဂဏန်းများ မှန်ကန်ရေး၊အသားတင်ထုပ် လုပ်မှု တန်ဖိုးများတိုးတက်အောင် ရင်းနှီးမြှုပ်နှံရေး၊ တစ်ဦးချင်းဝင်ငွေမြင့်မား တိုးတက်ရေး အတွက် ကျေး လက်ဒေသ ဖွံဖြိုးရေးနှင့်ဆင်းရဲမှု လျော့ချခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ထိထိရောက် ရောက် အကောင် အထည်ေ ဖ်ာရေး ၊ UN Agencies များ၊INGO များနှင့် အဖွဲ့ အစည်းများက ဒေသတွင်း၎င်းတို့အစီအစဉ်ဖြင့် ၀င်ရောက်လုပ်ကိုင် နေခြင်းထက် အစိုးရအဖွဲ့၏ ကျေးလက်လုပ်ငန်းစဉ်(၈)ရပ်တွင် ကဏ္ဍ အလိုက်ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးနှင့် စီးပွားရေး စီမံကိန်းကို (၅)နှစ်စာ(၂၀၁၁-၂၀၁၆)ခန့်မှန်းပြီး Regional Development Plan၊ City Development Plan ၊ Township Development Plan ၊ Village Plan များဟန်ချက်ညီအောင် အမျိုးသားဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း National Comprehensive Development Plan Master Plan ရေးဆွဲဆောင် ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အားဖြစ်သော ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်မှု ၊ ၀န်ဆောင်မှုများ၊ စနစ်တကျအစီအမံ ရှိရှိ
ဖွံဖြိုးတိုးတက်လာရေးတို့ ကိုဆောင်ရွက်လျှက်ရှိကြောင်း ဒေါက်တာ
ကံဇော် ကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ဒေါက်တာကံဇော်က “ရင်းနှီးမြှုပ်နှံ ကဏ္ဍမှာ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ထားဝယ် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ကျောက်ဖြူစီးပွားရေးဇုန်ပြုလုပ်မယ့်အစီအစဉ်တွေရှိသလို သီလ၀ါစက်မှုဇုန် ထူထောင်ရေးကိုလည်း မကြာမီဆောင်ရွက်သွားတော့ မှာဖြစ်ပါတယ်။ ဒီိလိုဆောင်ရွက်ရာမှာ နိုင်ငံ စုံ Trans-National ပူပေါင်းစီစဉ်လျှက်ရှိပါတယ်။တစ်ပိုင်းကလည်း ဘတ်ဂျက်ချိုးခြံခြွေတာမှုနဲ့အစိုးရ
တည်ဆောက်ရေးလုပ်ငန်းများ အလုပ်အကိုင်အခွင့်အလမ်းများ အေးနေ ချိန်မှာ စီးပွားရေးဇုန်ကို အကောင် အထည်ဖော်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု နဲ့ မိမိအလုပ်အကိုင် အခွင့်အလမ်း များဆောင်ရွက်နေပါတယ်။
ရင်းနှီးမြှုပ်နှံ မှုကော် မရှင်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေနဲ့မိမိတိုင်းရင်း သားရင်းနှီးမြှုပ်နှံသူတွေ Real Estate ၊ Hotel နဲ့အခြားတည်ဆောက်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုကြောင်းအဆိုပြုလာတာ၊ မေးမြန်းလာ တာတွေ ရှိလာ ပါတယ်။နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လိုသူတွေကတော့ ကိုရီးယား၊ဂျပန်၊ဗီယက်နမ် တို့ပဲဖြစ်ပါတယ်။”ဟု ၎င်းကဆက်လက်ပြော ကြားသည်။
ကံဇော် ကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဥ
တည်ဆောက်ရေးလုပ်ငန်းများ အလုပ်အကိုင်အခွင့်အလမ်းများ အေးနေ ချိန်မှာ စီးပွားရေးဇုန်ကို အကောင် အထည်ဖော်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု နဲ့ မိမိအလုပ်အကိုင် အခွင့်အလမ်း များဆောင်ရွက်နေပါတယ်။
ရင်းနှီးမြှုပ်နှံ မှုကော် မရှင်ကိ
No comments:
Post a Comment