ဆိုင်းအောင်ရွာမှ
ကချင်အဖွားအိုတစ်ဦးမှ KDN သို့ ပြောပြချက်မှာ `` မနေ့ နေ့လည်က KIA တွေက ဗမာစစ်တပ်ကို

လက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။ ဗမာစစ်တပ်က ရွာထဲဝင်လာနေတာဆိုတော့ လက်နက်ကြီးတွေက ရွာထဲကို ကျတာပေါ့၊ ကျတော့ သုံးယောက် ဒဏ်ရာရတယ်၊မောင်ထွေးမြင့်က ခြေထောက်ကျိုးသွားတယ် ၊ အောင်သူကခါးကိုမှန်တယ်၊ နောက်တစ်ယောက် စိုင်းမျိုးဇော်က နောက်ကျောကို မှန်တယ်၊ KIA ကတော့ တော်တော်လွန်နေပါပြီဟယ်´´ ဟု ပြောကြားခဲ့ပါတယ်။

KIA
၏ လက်နက်ကြီးဒဏ်ကြောင့် အိမ်တစ်လုံး ပြိုကျခဲ့ပြီး ကလေးများ၊ မိန်းမများ ကြောက်လန့်ထွက်ပြေးခဲ့ရပါတယ်။
ဒဏ်ရာရသူ(၃)ဦးအား ၂၄-၉-၂၀၁၂ ရက်နေ့တွင် ရွာသားများ၏ အကူအညီဖြင့် ဖားကန့်ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ခံယူထားဆဲဖြစ်ပြီး အသက်သေဆုံးမှုတော့ မရှိခဲ့ကြောင်း သိရပါတယ်။
From -ကချင်နေ့စဉ်သတင်း
No comments:
Post a Comment