
ထို့ကြောင့် ထိုင်ဝမ်တို့၏ စစ်တပ်နှင့် ရေဒါစခန်းများကို Apple မြေပုံတွင်
မှုန်ဝါးဝါးဖြင့်သာ ဖော်ပြရန် ဆက်သွယ် ပြောကြားထားကြောင်း သိရ သည်။ ယင်းကဲ့သို့တောင်းဆိုမှုမျိ
၂၀၀၅ ခုနှစ်ကလည်း ထိုင်ဝမ်ကို တရုတ်ပြည်မကြီး၏ တစ်စိတ်တစ်ပိုင်းဟု Google
တွင်ဖော်ပြ ခဲ့သောကြောင့် ပြဿနာတက်ခဲ့ဖူး သည်။ နိုင်ငံရေးအရ တရုတ်ပြည်မနှင့်
ထိုင်ဝမ်တို့သည် ဆက်စပ်မှုမရှိပဲ စစ်ဖြစ်နိုင်ချေ အခြေ အနေတွင် ရှိသည်။
ယခုအခါ ထိုင်ဝမ်ကျွန်းမှ Hsinchu ရှိ ဒုံးပျံထောက် လှမ်းရေး ရေဒါ စခန်းကို
အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလျံ အကုန်ကျခံ၍ ၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ထားသည်။
တည်ဆောက်ရေး စီမံကိန်း မှာ ယခုနှစ် ပြီးဆုံးမည်ဖြစ်သည်။ အမေရိကန်နိုင်ငံမှ
ရယူသော အကူအညီ များလည်း ပါဝင်သည်။ ယင်း ဒုံးပျံသည် တရုတ်ပြည်
အနောက်မြောက်စွန်း Xinjiang ပြည်နယ်အထိ ပစ်လွတ်လာမည့် တာဝေးပစ်
ဒုံးကျည်များကိုထောက်လှမ်းနိုင်စွမ်းရှိပြီး ထိုင်ဝမ်နိုင်ငံလုံခြုံရေးအတွက်များစွာ အကျိုးပြုသည်။
အကယ်၍ ယင်း ရေဒါစခန်းကိုသာ မြေပုံတွင်ဖော်ပြထားပါက တရုတ်ပြည်မ မှ
အားသာချက်အဖြစ် ယူနိုင်ပြီး ထိုင်ဝမ်ကျွန်းစု လုံခြုံရေး လျော့နည်း
သွားနိုင်ကြောင်း ထောက်ပြထားသည်။ ထို့ကြောင့် ထိုင်ဝမ်မှ သက်ဆိုင်ရာ
အရာရှိများက Apple ကို တိုက်ရိုက်ဆက်သွယ် တောင်းဆိုထားကြောင်း သိရသည်။
From-
Myanmar Online News
No comments:
Post a Comment