အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်ဂွမ်း (Asbestos) ၏ သဘာ ၀အစွမ်းသတ်္တိနှင့်အန္တရာယ် (Risk and Hazard) တို့ကိုအများ ပြည်သူသိရှိနားလည်နိုင်ရန် ရေး သားတင်ပြအပ်ပါသည်။ကျောက် ဂွမ်း (Asbestos) သည်စက်မှု လက်မှုတွင်းထွက်တစ်မျိုးဖြစ်၍ Serpentine Asbestos ဟုခေါ် သည့် အဖြူရောင် Chrysotile တွင်းထွက်နှင့် Amphibole Asbestos ဟုခေါ်သည့် အပြာရောင် Crocidolite တွင်းထွက်နှစ်မျိုး သည် စီးပွားဖြစ် ထုတ်လုပ်ရာတွင် အများဆုံးတွေ့ရှိရပါသည်။ယင်း တွင်းထွက်များသည် သံ၊ကြေးနီ စသည့် သတ္ထုများနှင့်သဘာဝ မတူဘဲ နူးညံ့ပျော့ပြောင်းတောက် ပသည့် ပိုးမျှင်၊၀ါဂွမ်းမျှင်များကဲ့သို့ သဘာဝတွင် တွေ့ရှိရပါသည်။ ယင်းတို့၏ ထူးခြားဂုဏ်သတ်္တိများ မှာ အပူဒဏ်ခံနိုင်ခြင်းနှင့်မီးလောင် ဒဏ်ခံနိုင်ခြင်းတို့ဖြစ်ပါသည်။ဤ သို့သော ဂုဏ်သတ်္တိများကြောင့် ကားထုတ်လုပ်မှုလုပ်ငန်းများတွင် Gasket, Brake Lining နှင့် Clut ch Facing တို့တွင် သုံးစွဲလေ့ရှိခဲ့ ပါသည်။ Asbestos ပါဝင်သည့် လေထုကိုကြာရှည်ရှုမိလျှင် အသက် ရှုလမ်းကြောင်းတွင်ဖြစ်တတ်သည့် လည်ချောင်းကင်ဆာနှင့်အဆုတ် ကင်ဆာများ ဖြစ်နိုင်ချေရှိသည် မှာ မှန်ကန်ပါသည်။အထူးသဖြင့် Asbestos Cement ထုတ်လုပ် သည့်စက်ရုံအလုပ်ရုံများနှင့် Asbestos Pipe,Sheet, Fiber-Glass, Roofing,Paint,Plastic, Tiles နှင့် Textile စသည်တို့ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံ ပတ်ဝန်းကျင်ရှိ မမြင်နိုင်သည့် Asbestos အမှုန်ငယ်များပါဝင် သည့်လေကို နှစ်များစွာ ရှုမိပါက ကင်ဆာရောဂါများရရှိနိုင်သည်မှာ မှန်ကန်သည်ဟု ဆေးသုတေသန များအရသိရှိခဲ့ကြပါသည်။ဥရောပ နိုင်ငံအတော်များများနှင့်အမေရိ ကန်မှ ပိတ်ပင်တားဆီး၍ အခြား စက်မှုလက်မှုတွင်းထွက်များကို အစားထိုးအသုံးပြုနေကြသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါ သည်။ Chrysotile တွင်းထွက် သည် Crocidolite တွင်းထွက် လောက်အသက်ရှုလမ်းကြောင်း နှင့်အဆုတ်ကိုဒုက္ခပေးမှုနည်းပါး သည်ကိုတွေ့ရှိရပါသည်။အမှန် စင်စစ် ယနေ့ကမ္ဘာတွင် ထုတ်လုပ် နေသော Asbestost ၏(၉၅ရာခိုင် နှုန်း)မှာ Chrysotile တွင်းထွက် များဖြစ်နေသောကြောင့် ကျန်း မာရေးအတွက် အနည်းငယ်သက် သာမည်ဟု ထင်မြင်စရာရှိပါသည်။ သို့သော်လည်း Asbestos အမျှင် လေးများနှင့်အမှုန့်များမှာ မမြင် နိုင်လောက်သည့် သေးငယ်သော ဖုံမှုန့်များသာဖြစ်နေသောကြောင့် အသက်ရှုလမ်းကြောင်းနှင့်အဆုတ် အတွက် အန္တရာယ်ရှိသည်ဟု ယူ ဆ၍ အမေရိကန်နိုင်ငံမှ အားလုံး သော Asbestos တွင်းထွက်များ ကို ပိတ်ပင်ထားခဲ့ပါသည်။ချယ်ရီ ကားများနှင့်ပတ်သက်၍ အချုပ် အားဖြင့် တင်ပြရလျှင် Asbestos ပါဝင်နိုင်သည့် ကားအစိတ် အပိုင်းများကို သက်ဆိုင်ရာမှ အသေအချာစစ်ဆေးသင့်ပါသည်။ Asbestos ပါဝင်မှုရှိနေလျှင် ပြည် သူလူထု၏ ကျန်းမာရေးကို ရှေ့ ရှု၍ တားဆီးပိတ်ပင်ပေးပါရန် တင်ပြအပ်ပါသည်။
KMA(ဘူမိ)
From-HotNewsJournal
No comments:
Post a Comment