အောက်တိုဘာလ(၂၄)ရက် ယနေ့နံနက်ပိုင်းတွင် ရခိုင်ကျောင်းသား သမဂ္ဂမှ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို ပြုလုပ်မည်ဟု သတင်းရရှိသည်။ ရခိုင်ကျောင်းသားမဂ္ဂမှ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့သော
လူထုတွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အချက်(၅)
ချက်အား
အကောင်အထည်မဖော်ပေးသည့်အတွက် ဆန္ဒဖော်ထုတ် ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုဆန္ဒဖော်ထုတ်ပွဲကို လောကနန္ဒာစေတီတော်တွင် လူစုပြီး
တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများပူးပေါင်းဝင်ကာ
ဆရာတော်ဦးဥတ္တမပန်းခြံသို့ ချီတက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
"အခုကျနော်တို့ လူစုနေပါတယ်၊ ကျောင်းသား၊ ကျောင်းသူ(၅၀၀)ကနေ
(၁၀၀၀)ကြားမှာရောက်ဖို့ ရှိပါတယ်။ ကျနော်တို့တောင်းဆိုထားတဲ့
အချက်ငါးချက်ကို သမ္မတ ဦးသိန်စိန် အစိုးရအနေနဲ့ အကောင်အထည်မဖော်သေးသရွေ့
ကျနော်တို့အဆင့်ဆင့် ဆန္ဒပြတောင်းဆိုသွားပါမယ်"ဟု စစ်တွေ တက္ကသိုလ်ကျောင်းသားတစ်ဦးမှ ပြောသည်။
ရခိုင်ကျောင်းသားသမဂ္ဂမှ တောင်းဆိုထားသော အချက်(၅)ချက်မှာ-
၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီး သီးတွင် လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။
၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိ ပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
၃) တက္ကသိုလ်ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွ က် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန် ဆုံးဖယ်ရှားပေးရန် (ဘုမေကျေး ရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံ ခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေ ထိုင်နိုင်မည့် အဆောင်များ အမြန်ဆုံးဆာက်လု ပ်ပေးရန်နှင့် ပြည်နယ်အစိုးရ အနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာ သော အကြမ်းဖက်ဘင်္ဂလီကုလားများ နှင့် အတူတကွ ပညာသင်ကြားခြင်း မှ ရပ်တန့်ပေးရန်။ တို့ဖြစ်သည်။
Arakantimes.net မှ ကုးယူဖော်ပြပါသည်။
ဓါတ်ပုံများ-
No comments:
Post a Comment