Wednesday, October 17, 2012

ယနေ့ မန္တလေးမြို့တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် လူတစ်ဦးသေဆုံး

ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ဘော လုံး      အကယ်ဒမီ     ကျောင်းအနီး ၇၂လမ်းနှင့်      ငုဝါလမ်းထောင့်တွင်
လမ်း ကြိတ် စက်ဖြင့် ကြိတ်မိသဖြင့်      အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသေ
ာ
၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာ
လမ်းလုပ်ငန်းဆောင်ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့
ရောက်သွားခဲ့သည်။ မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာ
ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး
၎င်းအမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းက
သယ်ဆောင်သွားခဲ့သည်။ ဓာတ်ပုံ-ညီညီဇော်

မူရင်းသတင်း----7Day News Journal

No comments:

Post a Comment