မန္တလေးမြို့ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ နိုင်ငံခြားသားတွေ
အတွက် ဆိုက်ရောက် ဗီဇာ (Visa on Arrival ) ထုတ်ပေးပါတော့မယ်။
အခုဆိုရင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေ
ပါပြီလို့ နေပြည်တော်ရှိလ၀က၀န်ကြီးဌာနကတာဝန်ရှိ သူပြောကြား ချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။
မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာတွေနဲ့ ၀န်ထမ်းတွေကို အဆင့်သင့်ထားရှိထားပြီး ပြည်ပလေယာဉ် ဆိုက်ရောက်
လာတဲ့အပေါ် ဘယ်လိုထုတ်ပေးရမယ်ဆိုတာ လေ့လာ စောင့်ကြည့်နေ
တယ်လို့ ဆိုပါတယ်။
မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာ ၄ ခုနဲ့ ရိုးရိုးဗီဇာ ထုတ်ပေးမှုအတွက် ကောင်တာ ၄ ခု ထားပေးမှာဖြစ်တယ်။
အခုလို ဆိုက်ရောက်ဗီဇာထုတ်ပေးရတာကလည်း ပြည်ပ လေကြောင်းလိုင်း
တွေအနေနဲ့ မန္တလေးလေဆိပ် ကို တိုက်ရိုက် တိုးချဲ့ ပြေးဆွဲလာတာကြောင့်
ဖြစ်ပါတယ်တဲ့။
အခုလက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသာ ဆိုက်ရောက်ဗီဇာ
ထုတ်ပေးလျှက်ရှိရာက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာပါ
ထုတ်ပေးဖို့ဖြစ်လာတာပါ။
မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာတွေနဲ့ ၀န်ထမ်းတွေကို အဆင့်သင့်ထားရှိထားပြီး ပြည်ပလေယာဉ် ဆိုက်ရောက်
လာတဲ့အပေါ် ဘယ်လိုထုတ်ပေးရမယ်ဆိုတာ လေ့လာ စောင့်ကြည့်နေ
တယ်လို့ ဆိုပါတယ်။
မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာ ၄ ခုနဲ့ ရိုးရိုးဗီဇာ ထုတ်ပေးမှုအတွက် ကောင်တာ ၄ ခု ထားပေးမှာဖြစ်တယ်။
အခုလို ဆိုက်ရောက်ဗီဇာထုတ်ပေးရတာကလည်း ပြည်ပ လေကြောင်းလိုင်း
တွေအနေနဲ့ မန္တလေးလေဆိပ် ကို တိုက်ရိုက် တိုးချဲ့ ပြေးဆွဲလာတာကြောင့်
ဖြစ်ပါတယ်တဲ့။
အခုလက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျှက်ရှိရာက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာပါ ထုတ်ပေးဖို့ဖြစ်လာတာပါ။
No comments:
Post a Comment