Tuesday, October 9, 2012

ချင်းတွင်းမြစ်ထဲက ကျပ်သိန်း တသောင်းကျော်တန် မူးယစ်ဆေး

မူးယစ်ဆေးတွေကို စစ်ကိုင်းတိုင်း ကနီမြို့အနီး 
ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ် စက်လှေတစီးကို ရှာဖွေ စစ်ဆေးရာမှာ အက်ဖ ဒရင်းေ ဆြး ပား တောင်ပုံယာပုံ ဖမ်းမိတယ်လို့ ဒီကနေ့ အစိုးရသတင်း စာများမှာ ရေးထားပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးက ကျပ်သိန်းပေါင်း တသောင်းကျော် ပေါက်ဈေး ရှိတယ်လို့ ဆိုတယ်။ စက်တင်ဘာ ၂၉ မှာ မိတာပါ။ အလဲဗင်းဂျာနယ် ၀က်ဆိုက်မှာတော့ ဒီသတင်းကို ၈ ရက် စောပြီး ဖော်ပြခဲ့ ပါတယ်။ အစိုးရသတင်းစာက ဘာကြောင့် ဒီလောက် နောက်ကျတယ် မသိပါ။

တကယ်ဆို ဒီသတင်းက မျက်နှာဖုံးတင်ရလောက်အောင်ကြီးတဲ့သတင်း မဟုတ်လား။

အက်ဖဒရင်း ဆေးပြားက စိတ်ကြွဆေးနဲ့ ဓာတုပါဝင်နှုန်း တူညီတယ်၊ ပြီးတော့ စိတ်ကြွဆေး ထုတ်လုပ်ရာမှာ အဓိကကုန်ကြမ်းတမျိုးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကြေးမုံသတင်းစာမှာ ဖော်ပြထားတာကို https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFBYVhUILN3SFFcOULu1smdnqi_VzLkUI7F0gkt-zOT9NcE7OPUss5HMLCadooaucsZ7zZdoFKcSAC2xmsyEKdfv75epMmvD7A6S8cFZ3sgpjuWLSTO5__kCSGYxn1i1S9X1vBhIbVEtTO/s1600/images.jpg မှာ ဖတ်နိုင်ပါတယ်။

ဆက်စပ်
စိတ်ကြွဆေးသယ်သည့် မြန်မာနိုင်ငံသားကို အိန္ဒိယရဲ ဖမ်း
 
From- ဧရာဝတီ

No comments:

Post a Comment