ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့နယ်မှ ဒီချုပ်ပါတီအဖွဲ့ဝင်(၅၀၀)၀န်းကျင် မှာ ပါတီအတွင်း
တရားမျှတမှုမရှိသည်ဟု ယူဆ၍ လာမည့် အောက်တို ဘာ(၂၇)ရက်နေ့၌ ပါတီမှ နှုတ်ထွက်ကာ
လူမှုရေးလုပ်ငန်းများကိုသာ လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း အဆိုပါ
ပါတီဝင်များ ထံက သိရှိရ သည်။
“တရားမျှတမှုမရှိတာတွေ
အမြဲကြုံနေရတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူရွေးချယ်တဲ့အခါမှာလည်း
ဟိုးအရင် ကတည်းက အသက်ပေးပြီးလုပ်နေတဲ့ ပါတီဝင်တွေမပါဘဲ
ဗဟိုဦးစီးနဲ့နီးစပ်ရာလူတွေကိုပဲ အောင်နိုင်ရေးအဖွဲ့ဝင်အဖြစ်ခန့်
တာတွေရှိတယ်။ အမှန်ဆိုရင် တရားမျှမျှတတ ရွေးချယ်ရမယ်” ဟု ပုသိမ်မြို့နယ် ဒီချုပ်ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် ဦးမြင့်စိုး ကပြောသည်။
အဆိုပါ
ပြဿနာများနှင့်ပတ်သက်၍ အောက်တိုဘာ(၂၀)ရက်နေ့တွင် ဒီချုပ်ပါတီ နာ.ယ.က
ဦးတင်ဦးသည် ပုသိမ်မြို့သို့ သွားရောက် ဖြေရှင်းညှိနှိုင်းပေးခဲ့သော်လည်း
အဆင်ပြေမှုမရှိဘဲ ပါတီဆိုင်းဘုတ်ဖြုတ်ကာ ရုံးခန်းကို ပိတ်ခိုင်းစေခဲ့သည်ဟု
၎င်းက ဆက်ပြောသည်။
“
ပြဿနာက ညှိ့နှိုင်းလို့အဆင်မပြေခဲ့ဘူး ဘဘဦးတင်ဦးက ဆိုင်းဘုတ်ဖြုတ်ပြီး
အလံကို တိုင်းညီလာခံကော်မရှင် ဥက္ကဌကို ပြန်အပ်ခိုင်းပြီး
ရုံးခန်းပိတ်ခိုင်းတယ်။ အဲ့တော့ အဖွဲ့ဝင်တွေအကုန်လုံးကလဲ အဲ့ပါတီက
နှုတ်ထွက်ဖို့ ဆန္ဒရှိကြတယ်။ ကျွန်တော်လည်း နှုတ်ထွက်မှာပါ” ဟု မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးညွှန့်လှိုင် ကပြောသည်။
အန်အယ်လ်ဒီပါတီရုံးခန်းကို
တိုင်းနှင့်ပြည်နယ်များတွင် ဖွင့်လှစ်ထားသော်လည်း ပါတီအတွင်း
မပြေလည်ခြင်းများ ၊ ပါတီဝင် များမှ နှုတ်ထွက်ခြင်းများသည်
မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန်တိုင်းတွင်တော့ ပြသာနာနည်းပါးလျက်ရှိသည်ဟု
ဒီချုပ် ပါတီနာ.ယ.က ဦးတင်ဦးက ဗဟို-တိုင်း-ခရိုင်-မြို့နယ်
ညီလာခံကျင်းပရေး ကော်မရှင်များတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
“အခု
တိုင်းနဲ့ပြည်နယ်တွေ တော်တော်များများ ပါတီအတွင်း မပြေလည်တာတွေ
ပြသာနာတွေအများကြီးတွေ့ရတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းအတွင်းမှာတော့
ဖြေရှင်းရခက်တဲ့ ပြသာနာအဖြစ်နည်းတယ်။ “ ဟု ဦးတင်ဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်(၂၆)ခုရှိပြီး
ပုသိမ်မြို့နယ်တွင် ရုံးခန်းကို ထပ်မံဖွင့်လှစ်ပြီးမှသာ မြို့နယ်ညီလာခံကို
ဆက်လက် ကျင်းပနိုင်မည်ဖြစ်သည်ဟု ဒီချုပ်ပါတီအဖွဲ့ဝင်များထံမှ သိရှိရသည်။
အန်အယ်လ်ဒီပါတီ၏
ဗဟို-တိုင်း-ခရိုင်-မြို့နယ်ညီလာခံကို လာမည့်ဒီဇင်ဘာလအတွင်းတွင်
အပြီးကျင်းပနိုင်ရန် ဗဟိုဌာနရုံးမှ ကြိုးစားစီစဉ်လျက်ရှိကြောင်း
ညီလာခံကျင်းပရေးကော်မရှင်တွေ့ဆုံပွဲ၌ နာ.ယ.ကဦးတင်ဦး၏ ပြောကြားချက်အရ
သိရှိရသည်။
Myitmakhamediagroup - သတင်းဌာန
No comments:
Post a Comment