နယ်သတင်းထောက်များအား လက်ကိုင်ဖုန်းတပ်ဆင်ပေးသည့် အခမ်းအနားတွင် မြန်မာ့အလင်း သတင်း စာတိုက် စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက ယနေ့မြန်မာ့အလင်း သတင်းစာ ကို ခေတ်စနစ်နှင့် အညီ ပြောင်းလဲ ထုတ်ဝေနေရာ နယ် သတင်းထောက်များအနေဖြင့် မိမိတို့မြို့နယ်အတွင်း ဖြစ်ပေါ်လျက် ရှိသော နိုင်ငံရေး၊ စီးပွားရေး၊လူမှု ရေးသတင်းများကို ကဏ္ဍစုံလင်စွာ ဖြင့် ပြည်သူဗဟိုပြုသော သတင်း ထူး၊သတင်းဦးများ ကို ရောက်လေ ရာနေရာမှ အမြန်ဆုံးအင်တာနက် စနစ်ဖြင့် သတင်းပေးပို့နိုင်ရန် နယ်သတင်းထောက် များအား လက်ကိုင်ဖုန်းတပ်ဆင်ပေးအပ် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။
ထို့နောက်တက်ရောက်လာ သော သတင်းထောက်များကို မြန်မာတစ်နိုင်ငံလုံးမည်သည့်မြို့ နယ်က သတင်းမ ဆိုရေးသားပေး ပို့နိုင်ရန် အထူးသတင်းထောက် အဖြစ် ခန့်အပ်ပြီး မြန်မာ့အလင်း စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက နေပြည်တော်အထူးသတင်းထောက် ဦးမင်းမင်းလတ်(မင်းမင်းလတ် မန်းတက္ကသိုလ်) ၊မန္တလေးမြို့မှ အထူး သတင်းထောက် ဦးတင် မောင်(မန္တလေး)၊မိတ္ထီလာခရိုင်မှ အထူးသတင်းထောက် ဦးတင် လှိုင်(မိတ္ထီလာ)နှင့် တောင်ငူခရိုင် အထူးသတင်းထောက် ဦးသူရ (တောင်ငူ)တို့အား လက်ကိုင်ဖုန်း များပေး အပ် လိုက်သည်။မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်း များမှ ပထမအကြိမ်အဖြစ် သတင်းထောက်(၂၀)ဦး အား လက်ကိုင်ဖုန်းတပ်ဆင်ပေးခြင်းဖြစ် သည်။
From- hotnewsweekly
No comments:
Post a Comment