အမေရိကန်နှင့် အခြားသော နိုင်ငံများနှင့် ဆွေးနွေးပြီးနောက် တောင်ကိုရီးယားသည် ဒုံးကျည် ရောက်ရှိနိုင်မှု နယ်ပယ်ကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး သမ္မတ လီမြောင်ဘက်ခ် အနေဖြင့် တစ်နှစ်တာနီးပါးမျှ ဖိအားပေး တောင်းဆိုမှုများကို လိုက်လျောရန် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်၊ တောင်ကိုရီးယားနှင့် အခြား(၃၅)နိုင်ငံမျှ ပါဝင် လက်မှတ်ရေးထိုးထားသော ဒုံးကျည်နည်းပညာ ကန့်သတ်ရေး သဘောတူညီမှုကို တောင်ကိုရီးယားက လိုက်နာခဲ့သော်လည်း ယခုအခါ ကာကွယ်ရေး ကဏ္ဍအတွက် ဒုံးကျည် ပစ်လွှတ်နိုင်မည့် အကွာအဝေးကို မြှင့်တင်ရန် သဘောတူညီခဲ့ခြင်းဟု သတင်းများက ဆိုသည်။
တောင်ကိုရီးယားသည် ဒုံးကျည် ပစ်လွှတ်နိုင်စွမ်းကို မိုင်(၅၀၀)ထိ မြှင့်တင်ဖွယ် ရှိနေရာ ထိုအနေအထားတွင် ၎င်းတို့သည် မြောက်ကိုရီးယား တစ်နိုင်ငံလုံးကို ချိန်ရွယ် ပစ်ခတ်နိုင်မည့် စွမ်းရည်မျိုး ပိုင်ဆိုင်နေမည် ဖြစ်သည်။ တနင်္ဂနွေနေ့က သမ္မတ လီ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ချောင်ယွန်ဝူးက မိမိတို့သည် ဒုံးကျည်ပစ်ခတ်နိုင်စွမ်းကို မိုင်(၅၀၀)ထိ မြှင့်တင်မည်ဟု ပြောကြားသွားသည်။ ထိုအကွာအဝေးဖြင့် ပစ်ခတ်မှုသည် မြောက်ကိုရီးယား တစ်နိုင်ငံလုံးအပြင် ဂျပန်နိုင်ငံ၏ နေရာဒေသ အများစုနှင့် တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်း ဒေသများထိ ရောက်ရှိနိုင်မည်ဟု သိရှိရသည်။
Source: WSJ
From-Planet.com.mm
No comments:
Post a Comment