““ကျွန်တော် ဒီချယ်ရီကား ကိစ္စလာမယ့် လွှတ်တော်မှာမေး ခွန်းမေးသွားမှာပါ တကယ်တော့ တရုတ်ရဲ့ဖြေရှင်းချက်တစ်ခုထဲနဲ့ မလုံလောက်ဘူး။ဒီကိစ္စက စက်မှု ၀န်ကြီးဌာနက ဦးဆောင်ပြီးပညာ တွေနဲ့ကားတွေကို တစ်စဆီဖြုတ် ပြီး သေသေချာချာစစ်ဆေးရမယ် တိကျတဲ့အဖြေတစ်ခုလို့လည်း ပြည်သူကိုထုတ်ပြန်ပေးရမယ် ဒါဟာ ပေါ့သေးသေးကိစ္စမဟုတ် ဘူး။တစ်မျိုးသားလုံးရဲ့ကျန်းမာရေး နဲ့ဆိုင်တဲ့ကိစ္စလေ တရုတ်ဘက်က ဘာမှမဖြစ်ဘူ။အဆုတ်ရောဂါဖြစ် စေနိုင်တဲ့ ပစ္စည်းသုံးထားတာမရှိ ဘူးပြောနေတာကိုယုံပြီး ဒီတိုင်း ဆက်သွားနေလို့မရဘူး။တစ်မျိုး သားလုံးရဲ့ကျန်းမာရေးအတွက် တိကျတဲ့အဖြေတစ်ခုထုတ်ပေးရ မယ် နို့မို့ရင်ချယ်ရီကားမောင်းတဲ့ သူလည်း ဒီလိုကိစ္စတွေ လူတွေက လန့်ပြီးမစီးလို့ စားဝတ်နေရေးလည်း ထိခိုက်မယ် အဲ့ဒါကြောင့်တရုတ် ပြောတာကို ယုံပြီးငြိမ်မနေဘဲ ကိုယ့်အစီအစဉ်နဲ့စစ်ဆေးအတည် ပြုပြီး ပြည်သူကိုထုတ်ပြန်ဖို့အစီ အစဉ်ရှိမရှိ မေးခွန်းမေးမှာပါ””ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်သို့ ပြောကြားသွား ခဲ့သည်။
မကြာသေးမီက တရုတ်နိုင်ငံ ချယ်ရီကားကုမ္ပဏီမှလက်ရှိ Asbestos ကားများ၌ အဆုတ်ရောဂါဖြစ်စေ သော အပူခံပြားမပါရှိကြောင်း ဖြေရှင်းချက်ပေးလာခြင်းအား စက်မှုဝန်ကြီးဌာနမှ ကိုးကား ကားထုတ်ပြန်မှုပြုလုပ်ခဲ့သော် လည်း ၀န်ကြီးဌာနအနေဖြင့်မူ တိကျသေချာစွာ စစ်ဆေးခြင်းမရှိ ခဲ့ပေ။တရုတ်နိုင်ငံ၏ ဖြေရှင်းချက် တွင်မူ မြန်မာနိုင်ငံသို့တင်ပို့ရောင်း ချသော QQ3ကားများ၌ အပူခံ ပြား (Asbestos ) အသုံးပြုထား ခြင်းလုံးဝမရှိဘဲ သြစတြေးလျနိုင်ငံ တွင် လက်ရှိအသုံးပြုနေသော မော်ဒယ်မြင့်ချယ်ရီကားများဖြစ် သည့် J3 Seden နှင့် T2. Sport Utilliy Vehicle ကားများ၌သာ အဆုတ်ရောဂါဖြစ်စေနိုင်သော အပူခံပြားများအသုံးပြုထားခြင်း မျိုးရှိကြောင်းပါရှိခဲ့သည်။
ခန့်ခန့်(ဒဿနိက)
From -HotNewsJournal
No comments:
Post a Comment