မိုဘိုင်းဖုန်းများခေါ်ဆိုမှု အဆင်ပြေရန် အတွက် Roof-top Mobile Antenna များကို ရန်ကုန်မြို့ရှိ အိမ်ခေါင်မိုးများပေါ် တွင် တပ်ဆင် ရန် လိုအပ်လျက်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ် ပြန်ကြေညာခဲ့သည်။
လိုအပ်လျက်ရှိသည့် နေရာများမှာ ဆင်မလိုက်အနီး နာနတ်တောလမ်းနှင့်
ပြည်ထောင်စုလမ်း၊ အင်းယားမြိုင်လမ်း နှင့် ကမ္ဘောဇလမ်း ထောင့်၊
အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်အနီး၊ သူနာပြုကျောင်းအနီး၊
ဗိုလ်ချုပ်အောင်ဆန်းလမ်း (ဂျပန်ဆေးရုံဝင်း)၊ ဦးဖိုးကျားလမ်း၊ အထက်ပန်းဆိုး
တန်းလမ်းနှင့် မြန်မာ့ဂုဏ်ရောင်လမ်း ကြား၊ မင်းရဲကျော်စွာလမ်း၊ ဒလမြို့နယ်၊
ပန်းချီပန်းပုကျောင်း၊ ကမ္ဘာအေးဘုရား လမ်း၊ ဗဟန်းမြို့နယ်၊ ကမ်းနားလမ်း၊
သိမ်ဖြူလမ်းနှင့် ဗိုလ်တထောင်ဘုရား လမ်းကြား၊ ရှုခင်းသာအိမ်ရာ၊ သာကေ
တမြို့နယ် (ကြယ်ငါးပွင့်ဝင်း)၊ အောင်ဇေယျလမ်းသွယ်၊ သီရိမင်္ဂလာ လမ်းသွယ်အနီး၊
သင်္ဃန်းကျွန်းမြို့နယ်၊ လွတ်လပ်ရေးလမ်းနှင့် သံသုမာလမ်း ကြား၊
သင်္ဃန်းကျွန်းမြို့နယ်၊ မေတ္တာ လမ်းနှင့် သုမင်္ဂလာလမ်းထောင့် (တောင်ဥက္ကလာ)၊
အကွက် (၁၅)
ဗိုလ်ညီလမ်း နှင့် ကျန်စစ်သားလမ်း၊ (၁၆၈) ရပ်ကွက်၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း) မြို့နယ်၊ သိမ်ဖြူလမ်းနှင့် အနော်ရထာ လမ်းထောင့်(၄၆)လမ်း၊ ဖဆ
ပလ၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် မင်္ဂလာ ပရဟိတကျောင်းတိုက်၊ ဘုရားကြီး
ကျေးရွာ၊ တွံတေးမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
Elite Tech ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
မင်္ဂလာဒုံမြို့နယ်၊ တောင်ဒဂုံမြို့ နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဒဂုံမြို့
နယ်၊ လှိုင်သာယာ မြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်များ
တွင် ဂျီအက်စ်အမ် စခန်းများ တိုးချဲ့ တပ်ဆင်ရန် လိုအပ်နေသဖြင့် ယင်း လို
အပ်လျက်ရှိသည့် မြို့နယ်များ၌ Roof-top Mobile Antenna များ
တပ်ဆင်ခွင့်ရနိုင်လျှင် ပြောဆိုဆက်သွယ်
ရေးပိုမိုအဆင်ပြေနိုင် မည်ဟုပြောသည်။
Roof-top Mobile Antenna များ
တပ်ဆင်သုံးစွဲခြင်းသည် ကျန်းမာရေး ကို ထိခိုက်နိုင်ခြင်းမရှိကြောင်းနှင့်
စိတ်ချလုံခြုံကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၊ စာတိုက်နှင့်ကြေးနန်း
ဆက်သွယ်ရေးသင်တန်းကျောင်း ကျောင်းအုပ်ဦးကျော်စိုးက ပြောသည်။
ဦးကျော်စိုးက အာဆီယံနိုင်ငံများ ၌ ၎င်းတို့၏ အထပ်မြင့်အဆောက် အအုံများရှိ ခေါင်မိုးများပေါ်၌
မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု ပိုမိုကောင်းမွန်ရေးအတွက် Roof-top Mobile Antenna
များ တပ်ဆင်ခွင့် ပြုရမည်ဖြစ်ကြောင်း ဥပဒေပြဋ္ဌာန်း ထားသည်ကို တွေ့ရ
ကြောင်း၊ မြို့တော် စည်ပင်သာယာရေးကော်မတီများ အနေဖြင့်
ဥပဒေသတ်မှတ်ပြဋ္ဌာန်းကာ အဆောက်အအုံများပေါ်၌ Roof-top Mobile Antenna
များ တပ်ဆင်ခွင့်ပြုပါက လူထုအနေဖြင့် မိုဘိုင်းနှင့် ဆက်သွယ်ရာတွင်
ဆက်သွယ်မှုပြတ်တောက်ခြင်းကို ကြုံတွေ့ ရမည်မဟုတ် ဘဲ ကောင်းမွန်စွာ
ဆက်သွယ်ပြောဆို ခွင့်ရမည်ဖြစ်ကြောင်းပြောသည်။
ပြည်သူလူထု၏ ပူးပေါင်း ပါဝင်
ဆောင်ရွက်မှုဖြင့် အဆောက်အအုံများ၏ ခေါင်မိုးများပေါ်၌ Roof-top Mobile Antenna
များ တပ်ဆင် ပါက မိုဘိုင်းတယ်လီဖုန်း ပြောဆိုဆက်သွယ်မှုပိုမို
လွယ်ကူချောမွေ့နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။
မြန်မာ့တိုင်းမ်
No comments:
Post a Comment