နေပြည်တော် အောက်တိုဘာ ၉
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်
နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို
ဆက်လက်ကျင်းပရာ နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်၌
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်
ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး
ဝန်ကြီးဌာနဝန်ကြီးတို့က မြန်မာနိုင်ငံအစိုးရနှင့် ကိုရီးယားသမ္မတနိုင်ငံ
အစိုးရတို့အကြား အကူအညီ ပေးရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ်ကိုလည်းကောင်း၊
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ
နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးတို့က မြန်မာနိုင်ငံ
စက်မှုဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့်
ကုန်သွယ်ရေး ဝန်ကြီးဌာနတို့အကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး
နားလည်မှု စာချွန်လွှာကို လည်းကောင်း အသီးသီး လက်မှတ်ရေးထိုးကြပြီး
စာချုပ်များကို အပြန်အလှန်လဲလှယ်ကြသည်။
From -သမ္မတရုံးဝဘ်ဆိုက်
No comments:
Post a Comment