မန္တလေးတိုင်း ဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့်
ဒေသများရှိ ပျက်စီးသွားသော နေအိမ်များအား အမြန်ဆုံး
ပြန်လည်တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးဖုန်းဇော်ဟန်ကပြောသည်။
"အပျက်အစီး
စာရင်းတွေ တွက်ချက်နေပါတယ်။ အမြန်ဆုံး လုပ်ပေးသွားမှာပါ" ဟု
ဝန်ကြီးက နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီတွင် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ငလျင်သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လူနေအိမ်များ
ပြန်လည်ထူထောင်ပေးခြင်း၊ ပျက်စီးသွားသော စာသင်ကျောင်းဆောင်များကို
အထူးဦးစားပေး ဆောင်ရွက်သွားမည်ဟု သိရသည်။ ပျက်စီးသွားသော
နံကပ်တိုက်ဆိုလျှင် နံကပ်၊ ပျဉ်ထောင်ဆိုလျှင် ပျဉ်ထောင်
ပြန်တည်ဆောက်ပေးနိုင်မည် မဟုတ်သော်လည်း နေထိုင်ရန်သင့်လျော်သည့် အိမ်ရာများ
တစ်ပြေးညီ တည်ဆောက်ပေးနိုင်ရန် ခန့်မှန်းထားကြောင်း ၀န်ကြီးကပြောသည်။
ပျက်စီးသွားသည့် ဘုရားပုထိုးစေတီများအတွက် အလှူရှင်များကို
ပြန်လည်နှိုးဆော်ထားပြီး ၎င်းတို့လှူဒါန်းမှုများဖြင့် ပြန်လည်မွမ်းမံ
ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။
ရေးသားသူ - ညီညီဇော်
Credit - 7Day News, Vol(11) Issue(36)
အမရပူရမြို့နယ်ရှိ ရွှေလင်းပင်ဘုရား ဓာတ်ပုံ-ကျော်ဇေယျ
သပိတ်ကျင်းမြို့ပ်ါတွင် အဆောက်အဦများ ပြိုကျပျက်စီးမှုများ ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်
သပိတ်ကျင်းမြို့ပ်ါတွင် အဆောက်အဦများ ပြိုကျပျက်စီးမှုများ ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်
သပိတ်ကျင်းမြို့ပ်ါတွင် အဆောက်အဦများ ပြိုကျပျက်စီးမှုများ ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်
စဥ့်ကူးမြို့နယ်ရှိ ရွှေစည်းခုံဘုရားပြိုကျ ပျက်စီးမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- ဇော်ဌေးလွင်
တည်ဆောက်ဆဲ ဧရာဝတီတံတား(ရတနာသိင်္ဃ) ပြိုကျနေသည်ကို ရွှေဘို ကျောက်မြောင်းဘက်အခြမ်းမှ တွေ့မြင်ရစဉ်
ဓာတ်ပုံ- ရဲရင့်အောင်
ရွှေဘို ကျောက်မြောင်းတွင် ဒဏ်ရာရရှိသူတစ်ဦးကို အရေးပေါ် ကုသနေစဉ်
တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူး တံတားပြိုကျမှုကို စဥ့်ကူးဘက်အခြမ်းမှ တွေ့ရစဉ်
စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာမှ နေအိမ်တစ်လုံး
စဥ့်ကူးမြို့ပေါ်မှ စာသင်ကျောင်းတစ်ကျောင်း ပြိုကျနေစဉ်
စဥ့်ကူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း အုတ်နံရံများပြိုလဲနေစဉ်
ဧရာဝတီ(ရတနာသိင်္ဃ) တံတားချဉ်းကပ်လမ်း (စဥ့်ကူးဘက်ခြမ်း) ဓာတ်ပုံ- ဇော်ဌေးလွင်၊ အောင်သူ
ရွှေဘို၊ ကျောက်မြောင်းဆေးရုံပြင်ပရှိ လူနာတစ်ဦးနှင့် မိသားစုဝင်များ Photo- AFP
No comments:
Post a Comment