ဘူးသီးတောင်မြို့နယ် သီခေါင်သည့်ကျေးရွာတစ်ခုမှ တောဟင်းရှာနေသူ
ခမီး မိန်းကလေးတစ်ဦး အား နှစ်ဦးထက်မနည်းသည့် ဘင်္ဂါလီကုလားများ
က ယခုလ သုံးရက်နေ့က မုဒိမ်းကျင့် ရန် ကြိုးစားရာမှ လွတ်မြောက် လာခဲ့ရာ၊ ယင်းအတွက် အမှုဖွင့်ရန် ဘူးသီးတောင်မြို့တစ်ရောက် တော လမ်းတွင် အလာ ဘင်္ဂါလီကုလားများက နစ်နာသူမိသားစုအနေဖြင့် အမှုမဖွင့်နိုင်အောင် အမျိုးမျိုး တားဆီးကြသည်ကို ကြုံရပြီးနောက်၊ ယခု
ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင်
အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း Coral Arakan ၏ ၀ိုင်းတော်သား ကိုအောင်
(ခရမ်းပြာ) က သတင်း ပေးပို့ထားသည်။ခမီး မိန်းကလေးတစ်ဦး အား နှစ်ဦးထက်မနည်းသည့် ဘင်္ဂါလီကုလားများ
က ယခုလ သုံးရက်နေ့က မုဒိမ်းကျင့် ရန် ကြိုးစားရာမှ လွတ်မြောက် လာခဲ့ရာ၊ ယင်းအတွက် အမှုဖွင့်ရန် ဘူးသီးတောင်မြို့တစ်ရောက် တော လမ်းတွင် အလာ ဘင်္ဂါလီကုလားများက နစ်နာသူမိသားစုအနေဖြင့် အမှုမဖွင့်နိုင်အောင် အမျိုးမျိုး တားဆီးကြသည်ကို ကြုံရပြီးနောက်၊ ယခု
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ပိုင်း၊ ကျောင်းတောင်ကျေးရွာအုပ်စု၊ ဇမ္မဏီး ခမီးရွာ တွင် နေထိုင်သည့် အသက် ၁၄-နှစ် အရွယ် မယိုင်နုသည် နိုဝင်ဘာလ သုံးရက်နေ့ မွန်းလွဲ လေးနာရီခန့်တွင် မိခင်ဖြစ်သူ ဒေါ်ရွှေမ နှင့်အတူ တောင်ယာလုပ်ငန်းခွင် မှ ပြန်လာစဉ် တင်းမေကျေးရွာအုပ်စုနေ ဘင်္ဂလီကုလားတို့က အဓမ္မပြုရန် ဆွဲခေါ်ယူခြင်းကို ခံခဲ့ရသည်။
ဖြစ်စဉ်ကို မိခင်ဖြစ်သူက ဤကဲ့သို့ Coral Arakan အားပြောပြသည်။ “ကျွန်မက မောလာတာနဲ့ ရွာကိုမရောက်ခင် ချောင်းခွဆုံမှာ ခဏနားကြပါတယ်။
ရွာက
လက်ယာဘက်ချောင်း အတိုင်းသွားရမှာပါ။ ခဏနားတုန်း သမီးကို လက်ဝဲဘက် ချောင်းကောက်မှာ သဗြုသီးခူးဖို့ ခိုင်းလိုက်ပါတယ်။ သွားရမယ့်နေရာက နားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပါ။ သမီးထွက်သွားပြီး ခဏနေတော့ ဝါးခုတ်ကုလားငါးယောက် လက်ဝဲဘက်ချောင်းကို တက်သွားတာ တွေ့လိုက်ပါတယ်။ သိပ်မကြာခင်ပဲ သမီးရှိတဲ့ ချောင်းကောက်ဘက်က သမီးအော်သံကြားရလို့ လိုက်သွားတော့ သမီး ထွက်ပြေး လာတာ တွေ့ရပါတယ်။ သမီးကိုမေးတဲ့အခါ ကုလားတွေ အတင်းဆွဲခေါ်လို့ ထွက်ပြေး လာတာ လို့ ပြန်ပြောပါတယ်” ဟု ရှင်းပြသည်။
ကာယကံရှင် မယိုင်နု (အဘ ဦးသာကျော်၏ သမီး) က မိမိကိုယ်တိုင်ကြုံခဲ့ရသည်ကို Coral Arakan အား ဤကဲ့သို့ ပြောပြသည်။ “(ကျွန်မ)သဗြုသီးခူးနေတုန်း ကုလားတစ်ယောက်က လက်ကိုဆွဲထားပါ တယ်။ နောက်တစ်ယောက်က ကျောဘက်က နေဖက်ထားပြီး ပါးစပ်ကို အတင်းပိတ်ဖို့ ကြိုးစားပါတယ်။ ကျွန်မလည်း ကြောက်လို့ အတင်းရုန်းကန်ထွက်ရင်း အမေ့ကိုအော်ခေါ်ပါတယ်။ အမေပါလာတာ သိတော့မှ ကျွန်မကိုလွှတ်ပြီး ထွက်ပြေးသွားကြပါတယ်” ဟု ပြန်လည်ရှင်းပြသည်။ မိခင်ဖြစ်သူ ကိုယ်တိုင် လည်း ထွက်ပြေးသွားသော ၎င်းကုလားများကို လှမ်းမြင်တွေ့လိုက်ရသည်။
ရွာသို့ပြန်ရောက်သည့်အခါ ခီဇာအမည်ရှိသူ ဆွေမျိုးတစ်ဦးအား ထိုသို့ ဖြစ်ပျက်ခဲ့သည် ကို ပြောပြပြီး ပြဿနာ ဖြစ်ခဲ့သည့် ၎င်းလက်ဝဲချောင်းကောက်နေရာသို့ ပြန်လိုက်သွား သည့်အခါ ယင်းနေရာအနီးတွင် ဝါးခုတ်ကုလားများ ညအိပ်သည့် တဲတစ်ခုတွင် ကုလားငါးကောင် ကိုတွေ့ရသည့်အတွက်၊ မယိုင်နုကို မေးမြန်းသည့်အခါ ကျူးလွန်သည့် ကုလားများကို ၄င်းအနေဖြင့် မှတ်မိ ပြောပြနိုင်ကြောင်း ဆိုသဖြင့်၊ အတူပါသူ ခီဇာက ကုလားများကို ဖမ်းဆီးချုပ်နှောင် မည် ပြုသည့်အခါ မယိုင်နု၏ မိခင်က ကုလားအင်အားများတယ်၊
အန္တရာယ်ဖြစ်လိမ့်မယ်၊ လူကို မှတ်မိရင် ရပြီ၊ ရွာမှာတိုင်ပြီးရှင်းမယ်ဟု ပြောပြတားဆီးကာ ပြန်လာခဲ့ကြပြီးနောက် ထိုနေ့ ညနေတွင် ပင် ကျောင်းတောင်ကျေးရွာရှိ၊ စခန်း(၂၁) နစကသို့ သွားရောက် တိုင်ကြားခဲ့ သည် ဟု ဆိုသည်။
အဆိုပါ နစက စခန်းတာဝန်ခံက ဖြစ်စဉ်ကို မေးမြန်းပြီး နောက်နေ့တွင်ပြန်လာရန် ချိန်းခဲ့သည်။ နောက်နေ့ (၄-၁၁-၂၀၁၂)နေ့တွင် ချိန်းဆိုသည့်အတိုင်း နောက်ထပ်တစ်ခါ သွားရောက်၍ ထွက်ဆိုခဲ့ သည်။ နောက်ထပ်နှစ်သုံးရက်နေပြီးနောက် ပြန်လာရန် ချိန်းဆိုခဲ့ပြန်သည် ဟု ဆိုသည်။
ထိုသို့ချိန်းဆိုစဉ် ပြောဆိုကြသည့်အကြောင်းနှင့် အတူလိုက်ပါသွားခဲ့သော ဆွေမျိုး တော်စပ်သူ ပဲသဒူကျေးရွာ သား ဦးသာထွန်းအောင်က Coral Arakan အား ယခုကဲ့သို့ ပြောပြသည်။
“နစကစခန်းမှူးက သူတို့ ညှိနှိုင်းပေးတဲ့အတိုင်း လက်ခံမလားလို့ မေးပါတယ်။ အဲဒီတော့ ကလေးမရဲ့အမေ က ဥပဒေအတိုင်း ရှင်းပေးမယ်ဆိုရင် လိုက်နာပါမယ်လို့ ပြန်ပြောတယ်။ စခန်းမှူးက ဒေါသထွက်ပြီး ခုံကို တုတ်နဲ့ တစ်ချက်နှစ်ချက် ဒိုင်း၊ ဒိုင်းနဲ့ ရိုက်ပစ်လိုက် တယ်။ ထွက်သွားကြ ထွက်သွားကြ တိုင်ချင်ရာမှာ သွားတိုင်တော့လို့ပြောပြီး ပြန်ခိုင်း လိုက်ပါတယ်” ဟု ပြန်ပြောပြပါသည်။
ထို့ကြောင့် နောက်တစ်ရက်တွင် မယိုင်နုသည် ဖခင်နှင့်အတူ ဘူးသီးတောင် ရဲစခန်း တွင် တိုင်ကြားရန် ခရီးထွက်လာခဲ့ကြသည်။ လမ်းခရီးရှိ တင်းမေကုလားရွာသို့ ရောက်သည့်အခါ တင်းမေကုလားရွာမှ (ကုလား)အရပ်လူကြီးများက တားဆီးထား ကြပြီး၊ တိုင်ကြားခြင်းမပြုရန်နှင့် ကြေနပ်အောင် ရှင်းလင်းပေး ပါမည်ဟု ပြောကြသည် ဟု ဆိုသည်။
ထို့အပြင် မယိုင်နုနေထိုင်ရာရွာမှ လူကြီးများကိုယ်တိုင်ကလည်း ငါတို့မှာလည်း ငွေကြေး အင်အားမရှိ၊ ရဲစခန်းတိုင်ဖို့၊ တရားရုံးတိုင်ဖို့ဆိုရင်လဲ ခဏခဏ သွားဖို့လာဖို့ မလွယ်ဘူး၊ ပြေလည်အောင် ရှင်းလိုက်ကြ လို့ ဝိုင်းဝန်းနားချကြသည် ဟု ဆိုသည်။
သို့ဖြစ်ရာ ဖခင်ဖြစ်သူကလည်း ကုလားရွာထဲတွင် ငြင်းဆန်နေလျှင် မိမိတို့ အသက် အန္တရာယ် ကျရောက်နိုင်သည်ဟု တွက်ဆမိသောကြောင့် လက်မှတ်ထိုး ကြေအေးရန် သဘောတူခဲ့ရသည် ဟု ဆိုသည်။
မိမိ၏မိသားစုက ကြေအေးကြောင်း လက်မှတ် ရေးထိုးခဲ့ရပြီး၊ မိမိ ကိုယ်နှိုက်လည်း လက်ဗွေနှိပ် ခဲ့ရကြောင်း၊ မိမိရွာသို့ ပြန်ရောက်သည့်အခါ ကုလားများပေးလိုက်သော ငွေခုနစ်သောင်း အနက်မှ သုံးသောင်းကျပ်ကို ရွာလူကြီးများက ယူထားလိုက်ပြီး မယိုင်နု ကို ငွေလေးသောင်းကျပ် ပေးခဲ့ကြောင်း မယိုင်နုက Coral Arakan အား ပြန်ပြောပြပါသည်။
ထို့နောက် အခြေအနေကို စောင့်ကြည့်ပြီး ပြဿနာမဖြစ်နိုင် လောက်သည့် အခြေအနေ ရောက်မှ ဘူးသီးတောင် မြို့ပေါ်သို့ လာရောက်ပြီး ရဲစခန်းတွင် တိုင်ကြားခြင်း ဖြစ်ကြောင်းလည်း မိခင်ဖြစ်သူ က ပြောပြပါသည်။
“ ငွေကို လိုချင်လို့မဟုတ်ဘူး၊ ကျွန်မသမီးက အငယ်ကလေးပဲ ရှိသေးတယ်။
အခု ရွာမှာ ကျွန်မသမီးဟာ နာမည်ပျက်ဖြစ်သွားလို့ ရိုးရာထုံးစံအရ ရွာကိုဝင်ခွင့် မရရှိ တော့ဘူး။ ရွာဝင်ခွင့်ရဖို့အတွက် ရွာကိုတောင်းပန်ဖို့ ပွဲတစ်ခုလုပ်ပေးရတယ်။ အခု အနည်းဆုံးလုပ်ပေးခဲ့ရတာတောင် ဝက်တစ်ကောင် သတ်ပြီးကျွေးခဲ့ရပါတယ်။ အခု ဒီလို မတရားခံရတာကို ကျေနပ်လိုက်ရင် နောက်ကို လည်း နောက်တစ်ခေါက် ထပ်ပြီး လုပ်ကြဦးမယ်။
ကျွန်မသမီး မဟုတ်ရင်လည်း နောက်ထပ် အမျိုးသမီးတွေ ကို ကုလားတွေက ဒီလိုမျိုး ထပ်လုပ်ကြဦးမယ်။
ဒါကြောင့် တိုင်ဖို့ လာတာပါ”ဟု မိခင် ဖြစ်သူ ဒေါ်ရွှေမက ရှင်းပြသည်။ သူကဆက်၍ “အခု ကျွန်မယောက်င်္ကျား လက်ခံယူလာ တဲ့ ငွေလေးသောင်းကိုလည်း ကျွန်မတို့ လုံးဝမသုံးဘူး၊ ရဲစခန်းမှာ သက်သေခံ အဖြစ်တင် ပါမယ်။ သူတို့ စာချုပ်မှာ ဘာပဲရေးထားထား မစိုးရိမ်ပါဘူး”ဟု ပြောပြသည်။
ပြစ်မှုကျူးလွန်သူများမှာ တင်းမေကျေးရွာနေ အဒူလာ(ဘ)ဘာဆေး နှင့် အာယုပ် (ဘ) ရှာအာလောင် တို့ ဖြစ်သည် ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်ကို ယနေ့ (၂၂-၁၁-၂၀၁၂)နေ့တွင် ဘူးသီးတောင်မြို့မ ရဲစခန်းမှ အမှုအမှတ် ပ/၁၆၂(၃၄၅)ဖြင့် လက်ခံထားရှိပြီး ခထီးလှရဲစခန်းမှူးကို အမှူစစ်အရာရှိ အဖြစ် တာဝန်ပေးအပ် ထားကြောင်း သိရှိရပါသည်။
ဘူးသီးတောင်မှ တစ်ညအိပ်ခရီး လမ်းလျှောက်သွားရသော ခမီးတိုင်းရင်းသား ကျေးရွာ ဇမ္မဏီးကျေးရွာမှ မယိုင်နုနှင့် မိခင်ဖြစ်သူတို့သည် မိမိတို့နစ်နာရသော အမှုအခင်းကို တိုင်တန်းရန်အတွက်ပင်လျှင် ဘူးသီးတောင်မြို့ပေါ်သို့ အရဲစွန့် လာရောက်ခဲ့ရခြင်း ဖြစ်သည်။
ဇမ္မဏီးကျေးရွာငယ် ပတ်ဝန်းကျင်တွင် အိမ်ခြေထောင်ကျော်ချီသည့် ကျောင်းတောင် (ဘင်္ဂလီကျေးရွာ) အုပ်စု နှင့် တင်းမေ(ဘင်္ဂါလီကျေးရွာ)အုပ်စုတို့ ရှိနေကာ၊ အနီးအနား ပြန့်ကျဲနေသော တိုင်းရင်း သားကျေးရွာ များမှာ အိမ်ခြေ ဆယ်အိမ်ဝန်းကျင်သာ ရှိကြ သည်။
ဇမ္မဏီး ရွာသူ ခမီးတိုင်းရင်းသူ မယိုင်နု
ကိုအောင်(ခရမ်းပြာ)
Coral Arakan News
No comments:
Post a Comment