ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင်
ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ- ဥရောပဆွေးနွေးပွဲ (အေဆမ်) ထိပ်သီး
အစည်းအဝေး တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော် သို့
မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့်
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးလှထွန်း၊
ဦးဝင်းမြင့်၊ သူရဦးမြင့်မောင်၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာမြအေးနှင့်
နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့်
ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံးမှ
သံရုံးယာယီတာဝန်ခံ Mr. Vongpano Sipaseuth တို့က နေပြည်တော် လေဆိပ်၌
ကြိုဆို နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ
အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့်
ဌာနဆိုင်ရာ အကြီးအကဲများ ပြန်လည် လိုက်ပါလာကြသည်။
source::http://www.president-office.gov.mm/briefing-room/news/2012/11/08/id-1771

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင်
source::http://
No comments:
Post a Comment