Sunday, November 11, 2012

ဘင်္ဂလီ ရွာတွေကို သွားရောက်စစ်ဆေးတဲ့ လ၀က ၀န်ထမ်းတစ်ဦးရဲ့ အတွေ့အကြုံ (သို့) လူသားစင်စစ်တို့အား ပေါက်တောမြို့နယ်တွင် စိစစ်သည့် တစ်နေ့တာ အတွေ့အကြုံ

လူမျိုး ရိုဟင်ဂျာအဖြစ်ရေးသွင်းမှသာ လက်မှတ်ေ ရးထိုးနိုင်မည်ဟု နိုဝင်ဘာလ ခုနစ်ရက်နေ့က နိုင်ငံသားဖြစ်ခွင့်ရှိမရှိ စိစစ်ရေးအဖွဲ့များအား ငြင်းဆိုကန့်ကွက်သည့် ပထမဦးဆုံးသော ဘင်္ဂါလီဟု ဆိုကြသူ(ပုံ)
၂၀၁၂-ခုနှစ် နိုဝင်ဘာလ (ရ) ရက်နေ့ မနက်ကိုးနာရီလောက်မှာ စိစစ်ရေးအလုပ်ကို စပါတယ်။ ဆင်တက်မော်ရွာက မိုင်ဝက်မရှိတရှိ အလျားရှည်ရှည်နဲ့ ရွာကြီးဖြစ်ပါတယ်။




နဂိုရှိပြီးသားစာရင်းတွေအရ ဆင်တက်မော်ရွာမှာ အိမ်ခြေလေးရာကျော်ရှိတယ် လို့ဆိုတယ်။ ဒါပေမဲ့ စာရင်းမပေါက်ပဲနဲ့ မြေကြီးပေါ်ပေါက်နေတဲ့အိမ်တွေနဲ့ ပေါင်းလိုက်တဲ့အခါ အိမ်ခြေ (၇၆၀) လောက်ဖြစ်နေတယ်။ အဲသည်အိမ်ခြေ(ရ၆၀)လောက်ကို စစ်တွေတို့ ကျောက်ဖြူတို့က ရောက်လာကြတဲ့ အာဂန္တု ဘင်္ဂါလီအိမ်ထောင်စုပေါင်း (၆၄၂) စု နဲ့ ပေါင်းလိုက်တဲ့အခါ ရှိသင့်တဲ့ လူဦးရေထက် သုံးဆလောက်ရှိနေတဲ့ မဟားဒယားရွာကြီးဖြစ်နေတော့ တယ်။ အဲသလို ဘင်္ဂါလီအင်အား မတရားကြီးမားလာတာကြောင့် အနီးအနားက ရခိုင်ရွာသူရွာသားတွေရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင် မျက်နှာလေးတွေက ဇီးရွက်လောက်ပဲ ရှိကြတော့တာကို တွေ့ရတယ်။ သူတို့(ရခိုင်ရွာသားတွေ)ရဲ့ရင်ထဲမှာ အကြောက်တရားနဲ့ လေးလံဖိစီးနေကြတယ်။




ဆင်တက်မော်(ဘင်္ဂါလီ)ရွာကို အပိုင်း သုံးပိုင်းခွဲလိုက်ပြီးတော့ အဖွဲ့သား (၁၈) ယောက်စီ ပါတဲ့ စစ်ဆေးရေးအဖွဲ့ သုံးဖွဲ့က တစ်ယောက်တစ်ပိုင်းစီဝင်ကြတယ်။ အဖွဲ့တစ်က ပထမဆုံးအပိုင်း၊ အဖွဲ့နှစ်က ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းရှိတဲ့ ရွာလယ်ပိုင်း၊ ကျွန်တော် (ကောင်းဇံဝေ)တို့ကတော့ ရွာအဆုံး အပိုင်းပေါ့လေ။ အဲသလို ခွဲခြမ်းပြီး မနက်ကိုးနာရီမှာ စစ်ဆေးရေးအဖွဲ့တွေ အလုပ်စကြတယ်။




စစ်ဆေးရေးအဖွဲ့လာတယ်ဆိုလို့လားတော့မသိဘူး။ ရွာလမ်းပေါ်မှာ လူတွေ (ဆိုလိုတာက ကုလားတွေ) ချည်းပဲ။ ဘယ်လောက်ထိများသလဲ ဆိုတော့ သုံးပေ ပတ်လည် နေရာ တစ်ကွက်လောက်မှာ ကုလားနှစ်ယောက်လောက် ရပ်နေကြသလားလို့ ထင်ရတယ်။ အဲသလောက်ကို သူတို့ စုစု စုစု နဲ့ သွားလာ နေကြတာ။ ဟေ့ . . . သွားကြ၊ ကိုယ့်အိမ်ကိုယ်ဝင်ကြ ဆိုလည်း . . . နာမလည်လို့ပဲလား၊ တမင်သက်သက်ပဲလားတော့ မသိဘူး။ လမ်းမပေါ်မှာ . . . ကျွန်တော်တို့အနီးတစ်ဝိုက်မှာ . . . အဲသည် ပုဂ္ဂိုလ်မြတ်တွေ ရှိနေတာပါပဲ။




ပထမဆုံးအိမ်ကို ၀င်စစ်တယ်။ အိမ်ကလူတွေ ဆင်းလာခဲ့ဆိုတော့။ လူသား စင်စစ် ခြောက်ယောက်ဆင်းလာတယ်။ မိဘ က နှစ်ယောက်၊ သားသမီးက လေးယောက်။ လ၀ကဌာနရဲ့ ပုံစံလေးမျိုးနဲ့ စစ်တယ်။ မိဘ၊ မိဘရဲ့မိဘ၊ မိဘရဲ့ မိဘရဲ့မိဘ စသည်ဖြင့် စစ်ဆေးမေးမြန်းကြတယ်။ ကျွန်တော် ကြည့်မြင်ရသလောက်ကတော့ သူတို့တစ်ယောက်နဲ့ တစ်ယောက်ပြောတာကွဲလွဲသွားမလား လောက်ကိုပဲ စောင့်ဖမ်းပြီး စစ်နေတဲ့ ပုံပဲ။ သူတို့ပြောရင် ပြောတဲ့အတိုင်း လ၀ကတွေက ရေးမှတ်တာကို တွေ့ရတယ်။ သူတို့ထွက်ဆိုတဲ့အတိုင်း ဟုတ်မဟုတ်ကို စစ်ဆေးနိုင်တာကို မတွေ့ရဘူး။ သူတို့ပြောတာကို ဟုတ်မဟုတ် verify လုပ်နိုင်မယ့်စနစ် လ၀ကတွေမှာရှိတယ် လို့ လည်း မကြားမိဘူး။ နောက်တော့မှ verify လုပ်ပါ့မယ်လို့ လ၀ကတွေ ပြောတာ ကိုလည်း မကြားမိဘူး။




ဓါတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးခြင်းလည်းမရှိဘူး။ လက်ဗွေနဲ့ စစ်ဆေးတာမျိုးကိုလည်း မမြင်မိဘူး။ သူတို့က ငါ မောင်နီလို့ ပြောရင် မောင်နီ လို့မှတ်လိုက်တာပဲ။ အဖေက မောင်မဲ ဆိုရင် မောင်မဲ လို့ ချောကနဲ မှတ်သားလိုက်တာပါပဲ။ ရခိုင်စကား ဗမာစကားလုံးဝမတတ်တဲ့ အဲသည် လူသားစင်စစ်တွေကို ခေါ်တော စကားပြန်တွေ ကနေ တစ်ဆင့် မေးမြန်းရပါတယ်။




အဲသည် ပတမအိမ်မှာပဲ ပထမဆုံး အဖုအထစ်နဲ့ တွေ့ရတော့တာပဲ။ အိမ်အောက်မှာ စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတာကို အိမ်အပေါ်ထပ်မှာ ခပ်တည်တည်နဲ့ စောင့်ကြည့်နေတဲ့ လူသားစင်စစ်တွေရှိနေတယ်။ သူတို့ကတော့ ခပ်တည်တည်ပဲ၊ ဒီအတိုင်းထိုင်နေတယ်။ ဒီလူတွေက ဘယ်သူတွေတုန်း လို့မေးတော့၊ မကြာခင်ကမှ ကျောက်ဖြူက ရောက်လာတဲ့ ကမန်လူမျိုးတွေပါ လို့ဖြေတယ်။ ဒီမှာ နေတာလား ဆိုတော့၊ ဟုတ်တယ် နေတယ်တဲ့။




ဒီတော့မှ လ၀ကတွေ ဖုန်းထုတ်ဆက်ပြီး ညွှန်ကြားချက်တောင်းကြတယ်။ ညွှန်ကြားချက်တွေရတော့ အဲသည် လူသားစင်စစ်တွေကို စိစစ်တယ်။ မှတ်တမ်းတင် တယ်။ မင်းတို့တတွေ ဒီအိမ်ကနေ မလျော့စေနဲ့၊ နောက်ပြီးတော့ မတိုးစေနဲ့ လို့ ကြပ်ကြပ် မှာကြားရတယ်။




မနက်ပိုင်းအလုပ်ကို ဆယ်နှစ်နာရီခွဲမှာ ရပ်လိုက်တဲ့အချိန်မှာ အိမ်ထောင်စု ခုနစ်စု ရှစ်စုလောက်ကို ပဲ စိစစ်လို့ပြီးပါသေးတယ်။ သုံးနာရီခွဲ အချိန်အတောအတွင်းမှာ မိသားစု ရှစ်စုကို စစ်လို့ပြီးတယ် ဆိုတော့ ပျမ်းမျှခြင်းအားဖြင့် တစ်အိမ်ထောင်ကို (၂၇)မိနစ်လောက် ကြာတဲ့သဘောပေါ့။




အဲသည်မနက်ပိုင်းမှာ အဖွဲ့နှစ်နဲ့စပြီး ပြဿနာတက်နေပြီ။ အဖွဲ့သုံး နဲ့ တွဲထားတဲ့ ကောင်းဇံဝေ တို့က အဲသည်အချိန်မှာ ပြဿနာစပြီးဖြစ်နေမှန်း မသိသေးဘူး။ အဖွဲ့နှစ်ကို ဘင်္ဂါလီတစ်ယောက်က စတင်ပြီး ငြင်းဆိုခြင်းကိုခံရပါတယ်။ ဘင်္ဂါလီလို့ရေးထားရင် သူလက်မှတ်မထိုးနိုင်ဘူး တဲ့။ ရိုဟင်ဂျာ လို့ ရေးသွင်းမှ သူလက်ခံမယ်လို့ပြောပါတယ်။ လ၀က စစ်တွေခရိုင်မှူးလည်း အဲသည်အဖွဲ့နဲ့ တစ်ပါတည်း ပါသွားတဲ့အတွက် သူက အဲသည် သကောင့်သားကို ရှင်းပြပါတယ်။ ဒါပေမဲ့ အဲသည်လူသားစင်စစ်က လက်သင့်မခံပါဘူး။ အဲသည်အချိန်မှာ တပ်ရင်းမှူးတစ်ယောက်က အဲသည်အနီးကနေဖြတ်သွားတာနဲ့ကြုံလေတော့၊ တပ်ရင်းမှူးကနားချတယ်။ ဖြောင်းဖျတယ်။ ရိုဟင်ဂျာ ဆိုတာ အစိုးရကို လက်နက်ကိုင် ပုန်ကန်နေကြသူတွေပေါ့။ ခင်ဗျား ဒုက္ခရောက်သွားနိုင်တာကို တွေးမကြောက်ဘူးလား၊ ဘာ ညာ ပေါ့။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် လက်မှတ်ထိုးဖြစ်သွားတယ်နဲ့ တူပါတယ်။




ဒါပမဲ့ သူတို့တတွေဟာ ကောင်ဇံဝေတို့ ထမင်းစားထွက်သွားတဲ့အချိန်မှာ အစည်းအဝေး လုပ်ကြတယ်လို့ ဆိုတယ်။ ( ရဲဘော်တို့၊ ရန်ကုန်က ဖုန်းလာတယ်။ အသင်တို့ဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ် လို့သူတို့ကပြောတယ်။ စသည်ဖြင့် ဘာဘာညာညာ ပြောကြတာ နေရင်နေမှာပေါ့။)




လုံခြုရေးအရ ရွာထဲမှာ ထမင်းစားဖို့ ရေသောက်ဖို့ အဆင်မပြေတဲ့အတွက်၊ ကောင်းဇံဝေတို့တတွေ ရခိုင်ရွာတစ်ရွာကို ထမင်းစားသွားကြပြီး စက်လှေနဲ့ပြန်လာတယ်။ မွန်းလွဲနှစ်နာရီလောက် ရွာကို ပြန်ဝင်လာတဲ့အချိန်မှာ ရွာထဲမှာ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ သဘော ရှိတယ်။ ရွာရဲ့လမ်းဆုံတိုင်း လမ်းဆုံတိုင်းမှာ လူသားစင်စစ် သုံးလေးဆယ်လောက်စီ စုစု စုစုနဲ့ ဂဏာမငြိမ် ဖြစ်နေကြတယ်။ ဟေ့ ဟေ့ လူစုမနေကြနဲ့၊ ကိုယ့်အိမ်ကိုယ်ပြန်ကြစမ်း ဆိုတော့ ခဏလေး လူစု ကွဲသွားခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းပဲ အားကောင်းမောင်းသန် ဘင်္ဂါလီလူငယ်တွေ လမ်းဆုံတွေကို ချက်ချက်ရောက်လာကြပြီးတော့ နေပူကျဲတဲကြီးမှာ ကောင်းဇံဝေတို့ပြန်တဲ့ အချိန် ညနေ ငါးနာရီအထိ ခြင်းလုံးခတ်နေကြတော့တယ်။




မွန်းလွဲပိုင်းမှာ ပထမဆုံးစကောက်တဲ့ အိမ်ကပဲ စပြီးငြင်းဆိုပါတယ်။ ရိုဟင်ဂျာလို့ မရေးသွင်းရင် လက်မှတ်မထိုးနိုင်ဘူး လို့ သူတို့က ငြင်းဆိုတယ်။ အဲသည်နေ့ မွန်းလွဲပိုင်း တစ်ပိုင်းလုံး စစ်သမျှအိမ်တွေဟာ တစ်ပြိုင်တည်း ဥာဏ်စဉ် ပွင့် သွားပြီးတော့ ရိုဟင်ဂျာလို့ မရေးသွင်းရင် လက်မှတ်မထိုးဘူး လို့ ငြင်းဆိုကြပါတယ်။




ဘာကြောင့် လက်မှတ်မထိုးဖြစ်သွားရတာလဲ လို့မေးတော့ နော်ဘူဇေး(မသိဘူး)လို့ အတူပါလာတဲ့ ဘင်္ဂါလီကိုယ်စားလှယ်တွေက ဖြေပါတယ်။ အဲဒီတော့ ဒီလူတွေ လက်မှတ်မထိုးနိုင်ဘူးဆိုပြီး လုပ်နေတာကို မင်းတို့က သက်သေရှိပါတယ် လို့ လက်မှတ်ထိုးပေးပါ ဆိုတော့ အဲသည်ကိုယ်စားလှယ်တွေကပါ လက်မှတ်မထိုး နိုင်ဘူး ဖြစ်ပြန်ရော။ လက်မှတ် မထိုးကြောင်းကို လက်မှတ်ထိုးမပေးနိုင်ဘူးလို့ ပြောကြတယ် လို့ပဲ ဆိုပါတော့။




နောက်ဆုံးတော့ အဲသည်ကိုယ်စားလှယ် နှစ်ယောက်ကပြောတယ်။ ကျွန်တော်တို့ လူကြီးတွေက ဘင်္ဂါလီလူမျိုးအနေနဲ့ လက်မှတ်မထိုးရဘူး ဆိုပြီး ညွှန်ကြားလို့ပါ ဆိုပြီး ပြောပြတယ်။ ရန်ကုန်ကလူကြီးလား၊ စစ်တွေဒုက္ခသည်စခန်းကို ရောက်နေကြတဲ့ လူကြီးတွေလား ဆိုတာကို သူက ဘာမှမပြောပြပါဘူး။






. . . . . . . . . . . . . . . . . . . . . . . . . . .




မြင်တွေ့ရတဲ့ အားနည်းချက်တွေကိုပြောရမယ် ဆိုရင်




(၁) ဓါတ်ပုံတို့၊ လက်ဗွေတို့နဲ့ တိုက်ဆိုင်စစ်ဆေးခြင်းကို မတွေ့ရဘူး။




(၂) စိစစ်နေချိန်အတွင်းမှာ ရွာကို ပတ်ပတ်လည် ၀ိုင်းထားတယ် ဆိုတဲ့ တပ်အင်အားက လုံလောက်မှုမရှိပါဘူး။ စစ်ဆေးရေးမရောက်ခင်မှာ အနီးအနားက တောင်ထက်ကို လူတစ်ရာလောက်တက်သွားတာကိုတွေ့ရတယ် ဆိုတာတို့၊ စက်လှေနှစ်စီးနဲ့ ကုလားအယောက် သုံးဆယ် ဘုတ်နှစ်စိးနဲ့ စစ်တွေကို ရှောင်သွားတယ်ဆိုတာတို့ ကြားရတယ်။ ဒီလိုမျိုး မဖြစ်ရအောင် ပိတ်ဝိုင်းနိုင်ရမယ်။




(၃) အဖွဲ့နဲ့အတူ ထည့်ပေးလိုက်တဲ့ လုံခြုံရေးခြောက်ယောက်အင်အား ဟာ တစ်ကယ်ဖြစ်လာရင် မိမိအဖွဲ့ကို ဘယ်လိုမှ မကာကွယ်နိုင်ပါဘူး။




. . . . . . . . . . . . . . .




ကောင်းဇံဝေတွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာတစ်ခုကတော့၊ ၁၉၈၂-ခုနှစ်ဖွား ဘင်္ဂါလီတစ်ယောက်ရဲ့ နာမည်ခေါ်လိုက်တဲ့အခါ အသက် ခုနစ်နှစ်အရွယ်တစ်ယောက်ကို သွား . . . သွားချေ လို့ ရှေ့ကိုလွှတ်လိုက်ပါသတဲ့။ ဒါ . . . ဘယ်လိုဖြစ်ရတာလဲ၊ ငါတို့ ခေါ်တဲ့လူက အသက်သုံးဆယ်လောက်ရှိရမှာလို့ စိစစ်ရေးမင်းများက မေးမြန်းတဲ့အခါမှာ၊ ကလေးအမေက ဒီလို ဖြေပါသတဲ့။ အရင်လူက သေပြီ၊ ဒီကလေးက သူ့အစားထည့်ထားတာ လို့ဆိုပါသတဲ့။




( သောင်းကြွယ် ရေးသားသည်။)

From - https://www.facebook.com/pages/Coral-Arakan-News-Agency/

1 comment:

  1. ဝမ်းနည်းပါတယ် ဘင်္ဂလီတွေကို မောင်းမထုတ်နိုင်တာ

    ReplyDelete