ရခိုင်ပြည်နယ်တကျော့ပြန်ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး နောက် နိုဝင်ဘာ(၂၁)ရက်တွင် မြောက်ဦးမြို့ အောင်တပ် ရပ်ကွက် တွင် နေထိုင်သော
ဆန်ကုန်သည် ဦးကျော်ဇောဖြူ သေဆုံး သည့် ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့
ရှိ ရခိုင်(၁၂)ယောက်အား စွပ်စွဲ ဖမ်းဆီးလိုက်ကြောင်း ဒေသခံများ နှင့်
ဖမ်းဆီးခံလိုက်ရသူ၏ ဆွေမျိုး များပြောပြချက်အရသိရသည်။
ယခုလက်ရှိ ဖမ်းဆီးခံထား ရသည့် သူများထဲက ဆွေမျိုးတော်
စပ်သူတစ်ဦးကပြောဆိုရာ ““ကျွန်မ တို့ အခုထိထောင်ဝင်စာ မတွေ့ ရဘူးဖမ်းထားတဲ့
အထဲက ပြန် လွှတ်ပေးလိုက်တဲ့သူတွေပြောပြ တာတွေက၊ကိုကျော်ဇောဖြူကို
သတ်ပါတယ်လို့ ၀န်မခံမချင်း ရိုက်နှက်နေတယ်လို့ပြောပြပါတယ်။
တကယ်သတ်ခဲ့ရင်တောင်မှ ဥပဒေ နဲ့အညီဆောင်ရွက်စေချင်ပါတယ်”” ဟု ဖမ်းဆီးခံရသူ
ဦးသိန်းဆွေ ၏ အမျိုးသမီး ဒေါ်ခင်လှယဉ်က ပြောဆိုသည်။
ယင်းအမှုအခင်းနှင့်ပတ်သက် ပြီး မြောက်ဦးမြို့နယ်ရဲစခန်းသို့
သတင်းထောင်(၂၀)ခန့်သွား ရောက်ဆက်သွယ်စုံစမ်းသည့်အခါ
မြောက်ဦးမြို့နယ်စခန်းမှူးမှာ ပြင်ပဧည့်သည်များအပြင် မီဒီယာ များကိုပါ
လက်ခံတွေ့ဆုံခြင်းမရှိ သဖြင့် မတွေ့ဆုံခဲ့ရသော်လည်း မြောက်ဦးမြို့နယ်ရှိ
ရပ်မိရပ်ဖများ က အဆိုပါဖြစ်ရပ်မှာ ဟုတ်မှန် ကြောင်းပြောဆိုခဲ့သည်။
မျိုးမြင့်ဇော်
No comments:
Post a Comment