ယခင်က အစ္စရေးတပ်မတော်သုံး galil rifle များကို အတုယူပြီးထုတ်လုပ် သည်ဟု ပြော ဆိုနေသော မြန်မာ့တပ်မတော်(Myanmar Army-MA)စီးရီး လက်နက်များ အထဲမှ လက်နက်ငယ်များအား တရုတ်နိုင်ငံတပ်မတော်သုံး QBZ ဒီဇိုင်းများဖြင့် ထွက်ရှိလာပါတယ် ။ ၄င်းQBZ များသည် Bullpup(မောင်းခလုတ် နောက် တွင်ကျည်အိမ် နှင့်မောင်းပြန် စစ်စတမ်
ယခင်ကလည်း ဂျာမဏီမှ G3/G4 များကို လိုင်စင်ချပေးခဲ့ရာမှ လိုင်စင်သက်တမ်းကုန်၍ ရပ်နားခြင်းပြုခဲ့ပြီးဖြစ်ပါတယ် ။ထိုစဉ်ကလည်း မြန်မာနိုင်ငံထုတ် G3(သို့)BA 63 များသည် အာရှတွင် လူမဆန်သော သေနတ် ဟု နာမည်ကြီးခဲ့သေးသည်။အမ်အေများထုတ်လုပ်တပ်ဆင်ခဲ့ပြီးနောက် ပေါ့ပေါ့မှူ ကျည်ထွက်ကောင်းမှူတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များသည် ၄င်းတို့၏ လက်နက်များကို စွန့်ခွါကာ စစ်တပ်မှကျဆုံးကျန်ခဲ့သော စစ်သားများရဲ့ အမ်အေ များကိုသာ ကိုင်ဆောင်နေကြပါသည် ။
ယခု အသစ်ထုတ် အမ်အေ စီးရီးသေနတ်များဟာ ဖိုင်ဘာကိုယ်ထည်နဲ့ဖြစ်တဲ့အတွက် ယခင် အမ်အေ ထက်ပိုမို ပေါ့ပါးသည့်အပြင် စကုပ်များပါတပ်ဆင်လာသည့်အတွက် ပစ်မှတ်ကို တိကျစွာ ချိန်ရွှယ်ပစ်ခတ်နိုင်မည်ဖြစ်ပါသည် ။မကြာခင်မှာလည်း တပ်မတော်ခြေလျင်များတွင် ညကြည့်များပါ တပ်ဆင်တော့မယ်လို့ သိရပါတယ် ။ ချပ်ဝတ်တန်ဆာများပါ ပြောင်းလဲပေးတော့မည်ဖြစ်ပြိး ကြည်းတပ် စစ်သည်များကမူ ယခုဝတ်ဆင်နေသော သံလွင်စိမ်းပြောင် ထက် ပြောက်ကျား ဝတ်စုံများကို သာဝတ်ဆင်လိုကြပါသည် ။ တိုက်ခိုက်ရေးဝတ်စုံတွင်လည်း ပေါ့ပါးစွာ ဝတ်ဆင်နိုင်သော ဆာဖရီအကျီအား အပြင်ကထုတ်ဝတ်၍ အပြင်ကခါးပတ် ပတ်ဝတ်ရသော ဒီဇိုင်းမျိုးကို အလိုရှိနေကြကြောင်း သိရပါသည် ။
from -http://shannnews.blogspot.com/
No comments:
Post a Comment