Wednesday, November 14, 2012

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးသည် ဂျီဘူဒီ နိုင်ငံတွင် ပြုလုပ်သည့် OIC ဆွေးနွေးပွဲသို့ တက်ရောက် မည်ဟုဆို

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဟီနာရာ ဘာနီခါသည် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC)၏ ဝန်ကြီးများ အ ဆင့် ဆွေးနွေးပွဲ တက်ရောက်ရန် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဂျီဘူဒီ နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဌာန
က နိုဝင်ဘာလ ၁၃ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု သိရှိ ရပါသည်။ (၃၉)ကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီး များ ကောင် စီ ဆွေးနွေးပွဲ၏ သီးခြား ဆွေးနွေးပွဲ များတွင် ရာဘာနီခါသည် တက်ရောက် လာသော နိုင်ငံခြားရေး ဝန်ကြီး များနှင့် အပြန် အ လှန် ဆွေးနွေး မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး မွတ်စလင် နိုင်ငံများ၏ အပြန်အလှန် စိုးရိမ် ပူပန်လျက် ရှိသော ပြဿနာရပ် များအား ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် မကြာသေးမီက ဆော်ဒီ အာရေဗျ နိုင်ငံ မက္ကာမြို့တွင် ကျင်းပ ခဲ့သည့် စတုတ္ထ အကြိမ်မြောက် အထူး ထိပ်သီး ဆွေးနွေးပွဲနှင့် ယခင် ဆွေးနွေးပွဲ များ၌ ချမှတ် ခဲ့သော ဆုံးဖြတ်ချက် များအား ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း၊ ၎င်းဆွေးနွေး ပ
ွဲသည် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသနှင့် ပါလက် စတိုင်းရှိ ပြည်သူများ အနေဖြင့် ၎င်းတို့၏ အခွင့်အရေးအား ဆုံးဖြတ် ရာတွင် ၎င်းတို့နှင့် တညီ တညွတ်တည်း ရှိကြောင်း အတည်ပြုရန် ပါကစ္စတန် နိုင်ငံနှင့် မွတ်စလင် ကမ္ဘာတို့ အတွက် အခွင့်အလမ်း တစ်ရပ် ရရှိ စေကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြား ခဲ့ပါသည်။ အဆိုပါ ဆွေးနွေး ပွဲတွင် ရာဘာ နီခါသည် မွတ်စလင် ကမ္ဘာ အနေဖြင့် စိန်ခေါ် မှုများနှင့် ရင်ဆိုင် နေရသည့် အချိန်တွင် စည်းလုံး ညီညွတ်မှု ရှိရန် လိုအပ်ကြောင်း၊ စီးပွားရေးနှင့် သိပ္ပံ နည်းပညာ ကဏ္ဍရပ် တို့တွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် အတွက် OIC နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ် ကြောင်းနှင့် ဘာသာ တရားနှင့် အယူဝါဒ အားလုံး အပေါ် အပြန်အလှန် လေးစားမှုသည် အရေး ပါကြောင်း ထပ်လောင်း ပြောကြား သွားမည်ဟု သိရှိ ရပါသည်။
 
မြ၀တီ

No comments:

Post a Comment