ကျိုက်ထီးရိုး စေတီတည်ရှိရာ
တောင်တ၀ိုက် ဟော်တယ်တွေ၊ တည်းခိုခန်းတွေက သူတို့ရဲ့ ၀န်ဆောင်မှု
အသစ်တခုအဖြစ် Wi-Fi အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်တဲ့။ အဓိကရည်ရွယ်ချက်ကတော့ တည်းခိုရန်
လာသူတွေကို စွဲဆောင်တဲ့နည်းလမ်းတခုအဖြစ် အသုံးပြုဖို့ စီစဉ် တာဖြစ်ပါတယ်။
အခုတော့ စမ်းသပ်လုပ်ဆောင်နေတာဖြစ်တယ်
လို့ နိုင်ငံပိုင် သတင်းစာက ဆိုပါတယ်။အခုလို ကျိုက်ထီးရိုးတောင်တ၀ိုက် Wi-Fi အသုံးပြုတဲ့နေရာမှာ ကောင်းကောင်း အသုံးပြုတော့မယ်ဆိုရင်
တော့ နောက်ပိုင်း ကျိုက်ထီးရိုးအကြောင်း သိကောင်းစရာတွေ အရင်ကထက် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာ မယ်ထင်ပါတယ်။
တိုးရစ်တွေကို ဆွဲဆောင်ရာလည်းဖြစ်မယ့် အစီအစဉ် တခုဖြစ်ပါကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဧရာဝတီ
No comments:
Post a Comment