Wednesday, December 12, 2012

ကြေးနီတောင်စီမံကိန်း ဆန့်ကျင်ဆန္ဒပြသူတွေ လွတ်မြောက်လာပြီ


နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပစ်ရေး ဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးတရားစွဲခံရပြီး အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံထား ရတဲ့ ဒေါ်နော်အုန်းလှ အပါအဝင် (၆) ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက် လာပြီ ဖြစ် ပါတယ်။

အကျဉ်းထောင်ကနေ ဒီကနေ့ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ ပုဒ်မ ၅၀၅ (ခ)အတွက် ပြင်ပကနေ အမှုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဒေါ်နော်အုန်းလှက RFA ကိုပြောပါတယ်။ ကျောက်တံတားမြို့နယ် တရားရုံးနဲ့ ဗဟန်းမြို့နယ်တရားရုံးတို့ကနေ ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံထားရတဲ့ ဒေါ်နော်အုန်းလှ အပါအဝင် ဦးမျိုးချစ်၊ ဒေါ်ရှမ်းမနဲ့ ကိုဝေလု တို့လည်း အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့လည်း အာမခံနဲ့ ပြန်လည် လွတ်မြောက် လာခဲ့ ပါတယ်။ ကိုမိုးသွေးက သူ့ကို ဖမ်းဆီးတာဟာ ပုဒ်မ ၅၀၅ (ခ) နဲ့ မညီညွတ် ဘူးလို့ ပြော ပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေထဲက ကိုအောင်စိုး၊ ကိုမိုးသွေး၊ ကိုဝေဠု၊ ဦးမျိုးချစ် တို့ဟာ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းကို ဒီကနေ့ ညနေပိုင်းက သွားရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

No comments:

Post a Comment