ကမ္ဘောဒီးယား နိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် တတိယ အကြိမ်မြောက် အစည်းအဝေးအား ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ၎င်းအစည်း အဝေးအားကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရှိအစိုးရအဖွဲ့ဝန်ကြီး ဗိုလ်ချုပ်ကြီး Neang Phat နှင့် ထိုင်းတပ်မတော်ရှိ ပူးတွဲစစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Worapong Sanganetra တို့မှ ဦးစီး ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယား နိုင်ငံ Siem Reap စီရင်စု၌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ် တို့အကြားနှစ်နိုင်ငံ ဆွေးနွေးမှု များအား ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင်ပြုလုပ် ခဲ့ပြီး နောက် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ပထမ အဆင့် အနေဖြင့် ယာယီ စစ်မဲ့ဇုန် (Provisional Demilitarized Zone-PDZ) အတွင်းရှိ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များအား နှစ်နိုင်ငံမှ ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။
မြ၀တီ
No comments:
Post a Comment