အာရှဘောလုံး အဖွဲ့ချုပ် (AFC) က ကြီးမှူး ကျင်းပသည့် ၂ဝ၁၃ အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင် ပွဲတွင် ခြေစစ်ပွဲ အောင်မြင် ခဲ့သော မြန် မာ ယူ-၁၉
အမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်
ရန်ကုန်မြို့ သို့ လေကြောင်း ခရီးဖြင့် ပြန် လည်ရောက် ရှိလာရာ တာဝန်ရှိသူများက
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ် ဆက် ကြသည်။
ခြေစစ်ပွဲအောင် မြန်မာ ယူ-၁၉ အမျိုး သမီးအသင်းတွင် အုပ်ချုပ်သူအဖြစ်
ဒေါ်မြတ်မြတ်ဦး ဦးဆောင်၍ အုပ်ချုပ် နည်းပြအဖွဲ့ဝင် ခုနစ်ဦး၊ အားကစား သမား ၂၃
ဦး လိုက်ပါလာကြသည်။ မြန်မာယူ-၁၉ အသင်းသည် ဒုတိယအ ဆင့် ခြေစစ်ပွဲတွင်
အုပ်စု (ခ)၌ ပါဝင်ခဲ့ပြီး ဗီယက်နမ်ကို ၂ ဂိုး-၁ ဂိုး၊ အိန္ဒိယ ကို ၈
ဂိုး-ဂိုးမရှိတို့ဖြင့်နိုင်ပြီး တရုတ်(တိုင်ပေ)နှင့် ၁ ဂိုးစီသရေကျကာ အုပ်စု ပထမဖြင့် Play-Off အဆင့်သို့ တက်လှမ်းနိုင်ခဲ့ သည်။
Play-Off ပွဲစဉ်တွင် အုပ်စု(က) မှ ပထမ ရရှိလာသည့် ထိုင်းအသင်းနှင့်
တွေ့ဆုံခဲ့ပြီး ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူကာ ခြေစစ်ပွဲ
အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးအဆင့် ပြိုင်ပွဲတွင်
မြန်မာအသင်းသည် အာရှထိပ်သီး အသင်း များဖြစ်သည့် မြောက်ကိုရီးယား၊ ဂျပန်၊
သြစတြေးလျ၊ တောင်ကိုရီး ယား၊ တရုတ်အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်
ကစား ရ မည်ဖြစ်ကြောင်း သိရသည်။
ခြေစစ်ပွဲအောင် မြန်မာ ယူ-၁၉ အမျိုး သမီးအသင်းတွင် အုပ်ချုပ်သူအဖြစ် ဒေါ်မြတ်မြတ်ဦး ဦးဆောင်၍ အုပ်ချုပ် နည်းပြအဖွဲ့ဝင် ခုနစ်ဦး၊ အားကစား သမား ၂၃ ဦး လိုက်ပါလာကြသည်။ မြန်မာယူ-၁၉ အသင်းသည် ဒုတိယအ ဆင့် ခြေစစ်ပွဲတွင် အုပ်စု (ခ)၌ ပါဝင်ခဲ့ပြီး ဗီယက်နမ်ကို ၂ ဂိုး-၁ ဂိုး၊ အိန္ဒိယ ကို ၈ ဂိုး-ဂိုးမရှိတို့ဖြင့်နိုင်ပြီ
Play-Off ပွဲစဉ်တွင် အုပ်စု(က) မှ ပထမ ရရှိလာသည့် ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာအသင်းသည် အာရှထိပ်သီး အသင်း များဖြစ်သည့် မြောက်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီး ယား၊ တရုတ်အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင် ကစား ရ မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment