၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ အစိုးရမှဖွဲ့စည်း ထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ် ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း တွေ့ ဆုံဆွေးနွေးနိုင်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့ထံ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိကေအိုင်အိုဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အကြောင်းပြန် ကြားခြင်း မရှိသေးဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။
''အစိုးရဘက်က အကြောင်းကြားတာက ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာ ပြုလုပ်လိုပေမယ့် ဒီဇင်ဘာလအတွင်းမှာကေအိုင်အို ဗဟိုမှာ ခရစ်စမတ်ပွဲတွေရှိတာကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း တွေ့ဆုံဖို့ ကမ်းလှမ်းကြောင်း အကြောင်းကြားလာပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင်အိုဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး''ဟု ဦးလမိုင်ဂွမ်ဂျာကပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment