အနှစ်၃၀ နဲ့ သက်တန်းထပ်တိုးနိုင်မဲ့ စာချုပ်နဲ့ ငှားရမ်းတာဖြစ်ပါတယ်။ တနေ့ကို အထပ်သား ၂ သောင်း ၅ထောင် ကုဗမီတာ ထုတ်လုပ်မှာဖြစ်ပြီး ဒီကထုတ်တဲ့ကုန်ကို အိန္ဒိယကို တင်ပို့မှာပါ။
မြန်မာနိုင်ငံက သစ်တွေကို အိန္ဒိယနိုင်ငံက ၀ယ်ယူတင်သွင်းမဲ့အစား ဒီလုပ်ငန်းက ထုတ်လုပ်မဲ့ အထပ်သားနဲ့ အစားထိုးမယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရက လာမဲ့ ၂၀၁၄ ခုနှစ်မှာ သစ်တင်ပို့မှု ရပ်တန့်မှာဖြစ်ကြောင်း ကြေငြာထားတဲ့ အတွက် နောက်ပိုင်း မြန်မာပြည်က ကုန်ကြမ်းသစ်တွေ ရမှာမဟုတ်တော့ကြောင်း Century Plyboards ကုမ္ပဏီရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။
၂၀၁၁-၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ သစ်တောထွက်ပစ္စည်းနဲ့ လယ်ယာထုတ်ကုန် ၀ယ်ယူ တင်သွင်း မှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၄၆ ဖိုးရှိခဲ့တယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာ အိန္ဒိယကုမ္ပဏီ ၆ ခုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေပြီး နောက်ထပ် ကုမ္ပဏီ ၇၀ လောက် ကလည်း ခြေလှမ်းပြင်နေတယ်လို့ ဆိုပါတယ်။
From : Burma-Newselite
No comments:
Post a Comment