ဒုသမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်း နဲ့ နိုင်ငံတကာ သံအမတ်တွေ၊ သံအဖွဲ.၀င်တွေ၊UNနဲ့
NGO အဖွဲတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို. ကို ရောက်ရှိနေပြီး ပြည်နယ်
အစိုးရအဖွဲရုံးမှာ အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ ၊တခြား
မြို.မိမြို.ဖတွေနဲ့ တွေဆုံပြီးတော့ ပြန်လည်ထူထောင်ရေးဆိုင်ရာ
လုပ်ငန်းဆောင် ရွက် ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ့အဖွဲ့ ခရီးစဉ်မှာ
ဒုသမ္မတနဲ့အတူ လူမှူဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌါန ၀န်ကြီး
ဒေါ်မြတ်မြတ်အုံးခင်၊ ကာကွယ်ရေးဝန်ကြီးဌါနမှ
ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌါန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ၊ပြည်ထဲရေး ၀န်ကြီးဦးခင်ရီ၊ တူရကီ၊
အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား သံအမတ်တွေနဲ့ UN
တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Mr. Ashok Nigam တို့ လိုက်ပါလာခဲ့ကြပြီး
မင်းပြား၊ ကျောက်တော်နဲ့ မောင်တောမြို.နယ်၊ ပေါက်တောမြို.နယ်၊
စစ်တွေမြို.နယ်တို.မှာ ရှိတဲ့ မီးလောင်တဲ့နေရာတွေနဲ့ ဒုက္ခသည်စခန်းတွေကို
သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
shannnews
shannnews
No comments:
Post a Comment