ဖြစ်ပွားပုံက ရမည်းသင်းမြို့ မဟာမြိုင်ကျောင်းတိုက်မှ ဆရာတော် ဦးဝိမလ (လူအမည် စောအောင်) သက်တော်(၄၉)နှစ်နဲ့ ဝါတော် (၆) ၀ါဟာ တောင်ကြီးမြို့မြို့မဈေးထဲသို့ ရောက်ရှိအလှူခံစဉ် ဈေးရောင်းသူ မငြိမ်းငြိမ်းအိနဲ့ မချောစုတို့နှစ်ဦးအား ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့တဲ့အတွက် တောင်ကြီးမြို့မှ ရဲတပ်ဖွဲ့ဝင်များ ပြည်နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူတွေ ရောက်လာပြီး မေးမြန်း ခဲ့ပါတယ်။ ဆရာတော်ဟာ သာသနာ တော်ညိုးနွမ်းအောင်ပြု လုပ်ခဲ့တာ ထင်ရှားပေါ်လွင်တဲ့ အတွက် တောင်ကြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌ မင်းကျောင်းပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးနာယကမှ သိက္ခာချလူဝတ်လဲပေးခဲ့ပြီး အမှတ်(၁) ရဲစခန်းမှ အမှုဖွင့်အရေးယူ ထားတယ်လို့ မင်းကျောင်း ပရိယတ္တိစာ သင်တိုက်မှ ဆရာတော်တစ်ပါးက ပြောပြခဲ့ပါတယ်။
အထက်ပါဖြစ်စဉ်သာမကဘဲ မန္တလေးမြို့ ဘူတာကြီးတွင် အရက်ပုလင်းကိုင်ပြီး အလှူခံနေတဲ့ ဆရာတော် တစ်ပါးကို ဒီဇင်ဘာလ ပထမ အပတ်မှာ ဘူတာရဲစခန်းကို အပ်လိုက်ရပါသေးတယ်။ ၀ိနည်းတော်နဲ့မညီတဲ့ သံဃာအစစ်တွေရှိသလို သံဃာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်ကဒ်ပြားအတုတွေကိုင်ပြီး အလှူခံနေတဲ့ သံဃာအတုတွေလည်း ရှိကြပြီး မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း သက်ဆိုင်ရာ ရဲစခန်းကို အပ်နှံ ရတဲ့သူ(၄၀) ကျော်ရှိပြီဖြစ်ကြောင်းကို ဆရာတော်တစ်ပါးမှ မိန့်ကြားထားပါတယ်။
Shan News
No comments:
Post a Comment