ပစ္စည်းအခက်အခဲကြောင့်သာ ခေါက်ချိုးချိုးပြီး သိမ်းလို့ ရတဲ့ ဖုန်းများကို
ထုတ်လုပ်မှု မပြုလုပ်ကြသေးခြင်း ဖြစ်ပါတယ်။ ယခုတော့ ရှိတဲ့ ပစ္စည်း ထဲနေ
အကောင်းဆုံး နာနိုနည်းပညာကို ရှာဖွေလို့ အသုံးဝင်မယ့် အီလက်ထရော နစ်
အစိတ် အပိုင်း များကို အားလုံး ဖန်တီးနေကြပြီ ဖြစ်ပါတယ်။ Samsung တောင်
နောက်ထွက်မယ့် Galaxy S4 က ကွေးညွန့်လို့ရမယ့် မျက်နှာပြင်နဲ့
ထွက်မယ်ုလို့တောင် ကောလဟာလ ထွက်နေပါတယ်။
စက္ကူလိုခေါက်ချိုးလို့ရတဲ့ ဖုန်းကတော့ ကောလဟာလ မဟုတ်ပါဘူး။ LG ကိုယ်တိုင် အနာဂတ် ဒီဇိုင်းအဖြစ် ကြေငြာထားခြင်း ဖြစ်ပါတယ်။ ၇ လက်မ အရွယ်ရှိပြီး အခေါက် အရေ အတွက် တော်တော် များများ ချိုးထားလို့ ရပါတယ်။ ချိုးပြီးရင်ချိုးလို့ရသလောက်အထိကို မျက်နှာပြင် တည်ဆောက် မှုက ပြောင်းလဲပေးပြီး ရုပ်ပုံဖော်ပြပေးမှုများက အလိုအလျောက် လိုက်လံပြောင်း လဲပေးနေမှာ ဖြစ်ပါတယ်။ ဥပမာ လေးခေါက် ခေါက်ထား လည်း ယင်းထဲမှာ အချက်အလက်အားလုံး စုံလင်စွာ ဖော်ပြသနိုင်သလို အပြည့် ၇ လက်မနဲ့ ကြည့်လည်း ဒီရုပ်ပုံတွေပဲ မြင်ရမှာ ဖြစ်ပါတယ်။
အသုံးပြုမယ့် ပစ္စည်းကတော့ အီလက်ထရောနစ် စက္ကူလို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့ဖြစ်ပြီး ခွေခေါက်လို့ရတဲ့ OLED Display လည်းပါဝင်အုံးမယ် ဆိုပါတယ်။ ဒါကြောင့် အကြမ်းလဲခံပြီး resolution ကောင်းတဲ့ ရုပ်ပုံ များကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
LG ရဲ့  Paper touch mobile ကို နောက် ငါးနှစ်အတွင်း ဖြစ်လာလို့ ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
--
TechSpace Journal

No comments:
Post a Comment