အင်တာဗျူး တစ်ခုမှာ ဝန်ခံသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့  ဝန်ခံချက် အတွက် Samsung မှ အလုပ်မဖြုတ်ပါစေနဲ့ လို့တောင် လောင်ပြောင်နေကြပါတယ်။
Samsung ရဲ့  ဗျူဟာ ဥက္ကဌ Young Sohn ဟာ ရုံးမှာ Samsung ကုန်ပစ္စည်းတွေ
သုံးပေမယ့် အိမ်မှာကျတော့ Apple ပစ္စည်း ပိုများကြောင်း သိရပါတယ်။ Apple ရဲ့ 
iMac ကို အိမ်မှာသုံးပြီး ရုံးမှာကျတော့ Samsung PC တွေပဲ သုံးပါတယ်။
"
Apple ပစ္စည်း ကောင်းတယ်ဆိုတာကို ကျွန်တော် မငြင်းရက်ပါဘူး။ iCloud ကတော့
ကျွန်တော့အတွက် အကျိုးအရှိဆုံးပဲ အိမ်က အမျိုးသမီးနဲ့ သားသမီးတွေကို
ဓာတ်ပုံ သို့မဟုတ် အချက်အလက် တစ်ခုခု မျှဝေဖို့ ၊ပေးပို့ဖို့အတွက် iCloud
ကိုပဲ သုံးပါတယ်။ ဒါက ဘယ်နေရာ ရောက်ရော အဆင်ပြေပါတယ်။" လို့
ဖြေကြားထားပါတယ်။
"ဖုန်းကတော့ Samsung nexus ကိုသုံးပါတယ်။ သူက
ပိုလည်းမြန်တယ်၊ လုပ်ဆောင်ချက် လည်း ကောင်းတယ်။ အခြားအားသာချက်များလည်း
ရှိနေတဲ့အတွက် Nexus ကိုတော့ စမတ်ဖုန်းအနေနဲ့ အသုံးပြုပါတယ်" လို့
ဆိုပါတယ်။
Samsung ရဲ့  ရာထူးကြီး ဝန်ထမ်းတစ်ဦး အနေနဲ့ Apple
ကုန်ပစ္စည်း ကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခြင်းအပေါ်
အံ့အားသင့်နေကြပါတယ်။ ရန်သူ ပစ္စည်းကိုမှ အသုံးပြုနေခြင်း ဖြစ်ပါတယ်။
သို့ပေမယ့် ရုံးမှာ မဟုတ်ပဲ သူ့ရဲ့  ကိုယ်ပိုင်အချိန်မှာ ဖြစ်ပါတယ်။
ဒါကြောင်မို့လည်း Young Sohn က ပြောရဲခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် Samsung က
သဘောထား ကြီးမကြီးတော့ ဘယ်သူမှ မသိပါဘူး။
အင်တာဗျူးမှာ
အမှန်အတိုင်း ဖြေသွားတဲ့ Young Shhn ရဲ့ အနာဂတ်ကတော့ ရှေ့ ဆက်
ဘယ်လိုဖြစ်မယ် ဆိုတာ မသေချာတော့ဘူးလို့ မီဒီယာများမှ ဝေဖန်လျက် ရှိကြောင်း
သိရပါတယ်။
From : Myanmar Online News
Samsung ရဲ့  ဗျူဟာ ဥက္ကဌ Young Sohn ဟာ ရုံးမှာ Samsung ကုန်ပစ္စည်းတွေ
သုံးပေမယ့် အိမ်မှာကျတော့ Apple ပစ္စည်း ပိုများကြောင်း သိရပါတယ်။ Apple ရဲ့ 
iMac ကို အိမ်မှာသုံးပြီး ရုံးမှာကျတော့ Samsung PC တွေပဲ သုံးပါတယ်။
" Apple ပစ္စည်း ကောင်းတယ်ဆိုတာကို ကျွန်တော် မငြင်းရက်ပါဘူး။ iCloud ကတော့ ကျွန်တော့အတွက် အကျိုးအရှိဆုံးပဲ အိမ်က အမျိုးသမီးနဲ့ သားသမီးတွေကို ဓာတ်ပုံ သို့မဟုတ် အချက်အလက် တစ်ခုခု မျှဝေဖို့ ၊ပေးပို့ဖို့အတွက် iCloud ကိုပဲ သုံးပါတယ်။ ဒါက ဘယ်နေရာ ရောက်ရော အဆင်ပြေပါတယ်။" လို့ ဖြေကြားထားပါတယ်။
"ဖုန်းကတော့ Samsung nexus ကိုသုံးပါတယ်။ သူက ပိုလည်းမြန်တယ်၊ လုပ်ဆောင်ချက် လည်း ကောင်းတယ်။ အခြားအားသာချက်များလည်း ရှိနေတဲ့အတွက် Nexus ကိုတော့ စမတ်ဖုန်းအနေနဲ့ အသုံးပြုပါတယ်" လို့ ဆိုပါတယ်။
Samsung ရဲ့  ရာထူးကြီး ဝန်ထမ်းတစ်ဦး အနေနဲ့ Apple ကုန်ပစ္စည်း ကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခြင်းအပေါ် အံ့အားသင့်နေကြပါတယ်။ ရန်သူ ပစ္စည်းကိုမှ အသုံးပြုနေခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ရုံးမှာ မဟုတ်ပဲ သူ့ရဲ့  ကိုယ်ပိုင်အချိန်မှာ ဖြစ်ပါတယ်။ ဒါကြောင်မို့လည်း Young Sohn က ပြောရဲခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် Samsung က သဘောထား ကြီးမကြီးတော့ ဘယ်သူမှ မသိပါဘူး။
အင်တာဗျူးမှာ အမှန်အတိုင်း ဖြေသွားတဲ့ Young Shhn ရဲ့ အနာဂတ်ကတော့ ရှေ့ ဆက် ဘယ်လိုဖြစ်မယ် ဆိုတာ မသေချာတော့ဘူးလို့ မီဒီယာများမှ ဝေဖန်လျက် ရှိကြောင်း သိရပါတယ်။
No comments:
Post a Comment