ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအဆုံးသတ်ရေးနှင့်
ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်
အစိုးရအကြား ဗီဒီယိုကွန်ဖရင့် အပါအ၀င် ခေတ်မီ အီလက် ထရောနစ် နည်းပညာများအသုံးပြု ဆွေးနွေးလုပ်ဆောင်ကြရန်
ပြည်သူ့ လွှတ်တော်က တိုက်တွန်းလိုက်ကြောင်း နေပြည်တော်တွင် ကျင်းပသော
ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ
ဦးသိန်းဇော်က အရေးကြီးအဆိုတရပ် တင်သွင်း ခဲ့ပြီး ယင်းအဆိုမှာ KIA နှင့်
အစိုးရအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ စစ်ပွဲရပ်စဲရေး အတွက်တွေ့ ဆုံဆွေးနွေးကြရန် လိုအပ်ကြောင်း၊ သို့ရာတွင် လက်ရှိအခြေအနေများအရ
နှစ်ဖက်စစ်ရေး တင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့များနှင့်
KIA တို့အကြား တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေသည့်အတွက် ဗီဒီယိုကွန်ဖရင့်၊
အီးမေးလ်အပါအ၀င် ခေတ်မီအီလက်ထရောနစ် နည်းပညာများ အသုံးပြုဆွေးနွေးကြရန်
တိုက်တွန်းလိုသည်ဟု ဦးသိန်းဇော် က ပြောကြောင်း သတင်းရရှိသည်။
NLABR
No comments:
Post a Comment