ဆက်လက်၍ တပ်မတော်စစ်ကြောင်းများ၊ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့များနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကို မုန်းတီးကြသည့် ပြည်သူလူထုများ ပေါင်း၍ အဆက်မပြတ်ဖိအား ပေးမှုကြောင့် သောင်းကျန်းသူကျဟဲ အဖွဲ့မှအဖွဲ့ဝင် ဖြစ်သူ နမ့်ဖုန်းရွာသားကျကွဲသည် ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၇ နာရီတွင် ၉ မမပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်ဖြင့်လည်းကောင်း၊ ဇန်နဝါရီ ၂ဝ ရက်၊ ညနေ ၄ နာရီ ခွဲတွင် ကျန်အဖွဲ့ဝင်များ ဖြစ်သည့် ကျတီခဲ၊ ပါနတ်၊ ကျဘူရှီး နှင့် မချော်ကဲတို့ ၄ ဦးသည်လည်းကောင်း တပ်မတော်စစ်ကြောင်းရှိရာသို့ အလင်းဝင်ရောက်ခဲ့သည်။ Geneva Conventions of August 12 th., 1949, Article III , Conflicts not of an international Charcter I and II နှင့်အညီ တပ်မတော်စစ်ကြောင်းက စောင့်ရှောက်ပေး ထားကြောင်း သတင်း ရရှိသည်။
အလင်းဝင်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ခွဲတွင် ကာဘိုင် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ကျည် ၈ တောင့်၊ အမ်- ၇၉ လောင်ချာ ၁ လက်၊ အေကေ - ၄၇ (၅)လက်၊ ၎င်းကျည်အိမ် ၅ ခုနှင့် ကျည် ၂ဝ၅ တောင့်၊ ၄ဝ မမဗုံးသီး ၈ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ တီအင်န်တီယမ်း ဝ.၂၅ ပေါင် ၁ တုံး၊ လျှပ်စစ် စနက်တံ ၃ ခုနှင့် မိုင်းကြိုး ၁ဝဝ ပေအရှည် ၂ ခွေ၊ အာပီဂျီ ၁ လက်၊ ၎င်းဗုံးသီး ၂ လုံး၊ ပို့ကျည် ၁ တောင့် တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိပါသည်။
မြ၀တီ
No comments:
Post a Comment