လက်ရှိ မှာတော့ ပြည်တွင်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အတွက် ကူညီဆောင်ပေး နေတဲ့ အဖွဲ့၂၆ ဖွဲ့ရှိပြီး အဖွဲ့တိုင်းဟာ လှုပ်ရှားမှု အစုံနဲ့ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ လာမယ့် ၂၀၁၆ ခုနှစ်အထိ လူကုန်ကူးမှု တိုက်ဖျက်ရေး ဒုတိယ စီမံကိန်း ၅ နှစ်အဖြစ် အဖွဲ့အစည်း တွေပူးပေါင်းပြီး ဆောင်ရွက်မှု တွေကို ထိထိရောက်ရောက် လုပ်ဆောင် နေတယ်လို့လည်း သိရပါတယ်။
အခုလို လုပ်ဆောင်မှုတွေ သာမက ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ပြဌာန်းခဲ့တဲ့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေမှာလည်း အကြောင်းအမျိုးအမျိုးနဲ့လူကုန်ကူးသူတွေအတွက် အရေးယူမှုတွေ သာမက လူကုန်ကူး ခံရမှုမှ သိမ်းဆည်းရမိတဲ့ ပစ္စည်း၊ ငွေကြေး စတာတွေကို ရောင်းချပြီး နစ်နာသူတွေ ထံပြန်လည် ပေးအပ်စေမှု စတာတွေ ကိုလည်း ထည့်သွင်း ရေးဆွဲပြီး အများအကျိုးအတွက် ကာကွယ် ပေးထားတယ် လို့လည်း သိရပါတယ်။
From : Mrtv-4
No comments:
Post a Comment