သဘာဝတရားအရ ထိုသို့သော လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ်
ခန္ဓာကိုယ်အတွင်းရှိ ဓာတုဇီဝ ဖြစ်စဉ်များ အဆင့်ဆင့် ပြောင်းလဲပြီး
လေ့ကျင့်ခန်းပုံမှန် မှီဝဲသူ များကို ပိုမိုတောင့်တင်း သန်မာစေခြင်း၊ အရွယ်
တင်စေခြင်း၊ အတွေးအခေါ် ထက်မြတ်စေခြင်း အစရှိသော ကောင်းကျိုးများ
ရရှိခံစားနိုင်စေမည်ဟု ဆရာဝန်များက အတည်ပြုခဲ့သည်။ ပြီးခဲ့သော ဆယ်စုနှစ်
အတွင်း ကိုယ်လက် လေ့ကျင့် ခန်းကြောင့် ခန္ဓာကိုယ်တွင် အကျိုးဖြစ်ထွန်း သလို
ဦးနှောက်ကိုလည်း သက်ရောက်မှု ရှိနိုင်ကြောင်း အတည်ပြုနိုင်ရေး အတွက်
သုတေသီများက စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ကြပြီး ယခုအခါတွင် ပထမဆုံးအကြိမ်
ထုတ်ပြန်ကြေငြာ ခဲ့ခြင်းဖြစ်သည်။ ဦးနှောက်မှ တဆင့် ယှက်ဖြာနေသော
အာရုံကြောများ လေ့ကျင့် ခန်းကြောင့် နိုးကြား လာခြင်းသည် ဦးနှောက်ကို
ကောင်းစွာ ကျန်းမာစေကြောင်း ဒေါက်တာရတ်တာက ရှင်းပြခဲ့သည်။ထို့ကြောင့်လည်း
ဥာဏ်ကောင်းစေရန် ဦးနှောက်ခြောက်သော ဂိမ်းများကစားခြင်း၊ ဆေးဝါး များ
စားသုံးခြင်းထက် ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်း တစ်ခု ပြုလုပ်ခြင်းသည်
စိတ်ရောကိုယ်ပါ အကျိုးဖြစ်ထွန်းစေကြောင်း ဒေါက်တာရတ်တာက အဆုံးသတ်
ပြောဆိုသွားခဲ့သည်။
From : YOYARLAY
No comments:
Post a Comment