မြစ်ကြီးနားမြို့ပေါ်တွင် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ဖုန်အလုံးရေ
ငါးသောင်းကျော် လိုင်းဆက် သွယ်ရေး ပြတ်တောက်လျက်ရှိ ကြောင်း သိရှိရပါသည်။
ထိုသို့ လိုင်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သော ဖုန်းလိုင်းအရေအတွက် အသေးစိတ်မှာ CDMA ဖုန်းလိုင်း ၃၄၀၀၀ ကျော်၊ GSM ဖုန်း လိုင်း ၂၄၃၀၀ ကျော်နှင့် လိုင်းကြိုးဖုန်း ၂၀၀၀ ကျော် ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့ကရရှိသော စာရင်းများအရ သိရှိရပါသည်။ ဖုန်းလိုင်းများ ပြတ်တောက်ရသည့် အကြောင်း အရင်းမှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ဖုန်းဆက်သွယ် ရေး တာဝါတိုင် ၁၁ ခုအနက် ၁ ခုသာ ကောင်းမွန်စွာ လည်ပတ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်း သိရ သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က တပ်မတော်နှင့် KIA တို့အကြား ဘူးခါးကုမ္ပဏီ မလိရေအား လျှပ်စစ် စက်ရုံ အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားပေး လျှပ်စစ်ကြိုးများ ပျက်စီးခဲ့ပါသည်။ KIO မှ ပိုင်ဆိုင်သော မလိရေအားလျှပ်စစ် စက်ရုံသည် မြစ် ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့များသို့ လျှပ်စစ် ဓာတ်အားပေးနေသည့် စက်ရုံဖြစ်သည့်အတွက် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး မြစ်ကြီး နားနှင့် ၀ိုင်းမော်မြို့များတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
"ဆက်သွယ်ရေးစနစ်ဆိုတာ လျှပ်စစ်ဓာတ်အားပေါ် မူတည်ပြီး လုပ်တာပါ။ မီးစက်မောင်းပြီး လုပ်တာ မဟုတ်ပါဘူး။ မီးစက်တွေ ရှိပေမဲ့ အရံအဖြစ် ထားထားရပါတယ်။ လျှပ်စစ်မီးပြတ်တောက်သွားချိန်မှာ
ဖုန်းတာဝါတိုင်တွေကို မီးမပေးနိုင်တော့ပါဘူး။ ဇန်န၀ါရီလ ၂ ရက်နေ့ မှာတော့
(ပြည်နယ်အစိုးရ၏) ခွင့်ပြု ချက်ရပြီး မီးစက်တွေလည်ခွင့် ရပါတယ်။ ဆက်သွယ်ရေး
ပင်မတာဝါတိုင်မှာပဲ မီးစက် နှစ်လုံးရှိပြီး ကျန်တဲ့ တာဝါတိုင်တွေမှာ
မီးစက်တစ်လုံးစီပဲ ရှိတော့ ၂၄ နာရီ မလည်ပတ်နိုင်သေးတဲ့ အနေအထား ရှိပါတယ်” ဟု
မြစ်ကြီးနားမြို့မှ ဆက်သွယ်ရေး အင်ဂျင်နီယာတစ်ဦးက ပြောပါသည်။
လက်ရှိအချိန်တွင် ဖုန်းလိုင်းဆက်သွယ်ရေးများ ပြန်လည် ကောင်းမွန်စေရန်အတွက် ပြည်နယ်အစိုးရ၏ ခွင့်ပြု ချက်ဖြင့် ဆက်သွယ်ရေး တာဝါတိုင်များကို မီးစက်ဖြင့် လျှပ်စစ်မီးပေးပြီး လည်ပတ်နေသော်လည်း ဖုန်းလိုင်းများမှာ ဇန်န၀ါရီလ ၃ ရက်နေ့ ညပိုင်းအချိန်အထိ ကောင်းမွန်ခြင်း မရှိသေးကြောင်း သိရပါသည်။
Eleven Media Group
ထိုသို့ လိုင်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သော ဖုန်းလိုင်းအရေအတွက် အသေးစိတ်မှာ CDMA ဖုန်းလိုင်း ၃၄၀၀၀ ကျော်၊ GSM ဖုန်း လိုင်း ၂၄၃၀၀ ကျော်နှင့် လိုင်းကြိုးဖုန်း ၂၀၀၀ ကျော် ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့ကရရှိသော စာရင်းများအရ သိရှိရပါသည်။ ဖုန်းလိုင်းများ ပြတ်တောက်ရသည့် အကြောင်း အရင်းမှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ဖုန်းဆက်သွယ် ရေး တာဝါတိုင် ၁၁ ခုအနက် ၁ ခုသာ ကောင်းမွန်စွာ လည်ပတ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်း သိရ သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က တပ်မတော်နှင့် KIA တို့အကြား ဘူးခါးကုမ္ပဏီ မလိရေအား လျှပ်စစ် စက်ရုံ အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားပေး လျှပ်စစ်ကြိုးများ ပျက်စီးခဲ့ပါသည်။ KIO မှ ပိုင်ဆိုင်သော မလိရေအားလျှပ်စစ် စက်ရုံသည် မြစ် ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့များသို့ လျှပ်စစ် ဓာတ်အားပေးနေသည့် စက်ရုံဖြစ်သည့်အတွက် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး မြစ်ကြီး နားနှင့် ၀ိုင်းမော်မြို့များတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
"ဆက်သွယ်ရေးစနစ်ဆိုတာ လျှပ်စစ်ဓာတ်အားပေါ် မူတည်ပြီး လုပ်တာပါ။ မီးစက်မောင်းပြီး လုပ်တာ မဟုတ်ပါဘူး။ မီးစက်တွေ ရှိပေမဲ့ အရံအဖြစ် ထားထားရပါတယ်။ လျှပ်စစ်မီးပြတ်တောက်သွားချိန်မ
လက်ရှိအချိန်တွင် ဖုန်းလိုင်းဆက်သွယ်ရေးများ ပြန်လည် ကောင်းမွန်စေရန်အတွက် ပြည်နယ်အစိုးရ၏ ခွင့်ပြု ချက်ဖြင့် ဆက်သွယ်ရေး တာဝါတိုင်များကို မီးစက်ဖြင့် လျှပ်စစ်မီးပေးပြီး လည်ပတ်နေသော်လည်း ဖုန်းလိုင်းများမှာ ဇန်န၀ါရီလ ၃ ရက်နေ့ ညပိုင်းအချိန်အထိ ကောင်းမွန်ခြင်း မရှိသေးကြောင်း သိရပါသည်။
Eleven Media Group
No comments:
Post a Comment